တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်သည့် တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုတည် ဆောက်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး”သည်မရှိမဖြစ်လိုအပ်ချက်ဖြစ်ကာ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုဖမ်းဆီးတားဆီးရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊အများပြည်သူအား ဥပဒေကိုလေးစားလိုက်နာရန် တတ် စွမ်းသမျှ ဆောင်ရွက်ရမည်ဟု မှာကြားသည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများသည် နေ့စဉ်ဖမ်းဆီးရမိသတင်းတင်ပြနိုင်ရေး၊ ဟန်ပြဆောင်ရွက်ခြင်းထက် အမှန်တကယ်ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမျိုးကိုသာဖြစ်စေလိုသည်ဟု မှာကြားသည်။
တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်းမူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိသည်ဟု ဆိုသည်။
ယခင်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိရာတွင် WY ကဲ့သို့ ဆေးပြားများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန်နှင့်လူငယ်များကို ဦးတည်ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများအဖြစ် ပြောင်းလဲထုတ် လုပ်လာသည်ကိုတွေ့ရကြောင်းပြောသည်။
“လူငယ်တွေအနေနဲ့ အစားအသောက်ဆိုတဲ့အသိနဲ့ စူးစမ်းသုံးစွဲရာကနေ မူယစ်ဆေးရဲ့သားကောင်ဘဝကိုရောက်ရှိသွားနိုင်ပါတယ်။ ဒါ့အပြင် လူငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုတွေ ပျက်စီးသွားစေနိုင်သလို မိသားစုဝင်တွေ စိတ်ပူပန်ဆင်းရဲရတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ပေါ်ပေါက်လာမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကဆိုသည်။
ထို့ကြောင့် မိဘများ၊မိသားစုဝင်များအနေဖြင့် မိမိတို့ သားသမီးများ၊မိသားစုဝင်များ သုံးစွဲနေသည့် အစားအသောက်များသည် ပုံမှန်ဟုတ်/မဟုတ်ကို ခွဲခြားနိုင်သည့် အသိပညာဗဟုသုတများ ရှိနေရမည်ဟု ဆိုသည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှဒီဇင်ဘာလအ ထိ တစ်နှစ်အတွင်း အမှုတွဲ ၄၂၃၂ မှု၊ခန့်မှန်းတန် ဖိုးကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံဖိုးဖမ်းဆီးရမိခဲ့ကာ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှဒီဇင်ဘာလ အထိ တစ်နှစ်အတွင်း အမှုတွဲ ၂၂၄၀ မှုနှင့်ခန့်မှန်းတန်ဖိုးကျပ် ၈ ဒသမ ၄၅၉ ဘီလီယံဖမ်းဆီးရမိခဲ့၍ ကာလတူတွင် အမှုတွဲ ၁၉၉၂ မှုနှင့်ခန့်မှန်းတန်ဖိုးကျပ် ၅၆ ဒသမ ၅၉၇ ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့သည်။

