Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeNewsLocal Newsတရားဝင်ခွင့်မပြုထားသော Crypto Assets...

တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ သိုလှောင်၊သိမ်းဆည်းခြင်းများ မပြုလုပ်ရေး ဗဟိုဘဏ်က အသိပေး

ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုရန် ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်) ကို Online (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါကြောင်း (၃-၅-၂၀၁၉) ရက်နေ့ သတင်းစာများတွင် ထုတ်ပြန်ကြေညာထားခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တို ငွေကြေး အပါအဝင်) ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲလှယ်ခြင်းများအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း အမိန့်ကြော်ငြာစာကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံနည်းတူ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ အီဂျစ်၊ နီပေါ၊ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အန်ဂိုလာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံစသည့် နိုင်ငံများအနေဖြင့်လည်း ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်) ကို တရားဝင်အသိအမှတ်မပြုထား ခြင်းမရှိပေ။

ယင်းနိုင်ငံအများစုတွင် တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုမထားသော်လည်း ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအဖြစ် ခွင့်ပြုခြင်း၊ အချို့နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုခြင်းများရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် Crypto Currency များသည် တရားဝင်မှုမရှိသော်လည်း ဗဟိုဘဏ်ဒစ်ဂျစ်တယ် ငွေကြေးအသွင်ဆောင်သည့် (E-CNY) ကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လည်း CBDC နှင့်ပတ်သက်၍ သုတေသနအဆင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Crypto ငွေကြေးများနှင့်ပတ်သက်၍ အချို့သော အစိုးရများက ပြည်သူလူထုအား တရားဝင် အသုံးပြုခြင်းမရှိစေရန် တားမြစ်ထားသည်မှန်သော်လည်း ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ပြည်သူလူထုအကြားတွင် ယင်းကို စုဆောင်းခြင်း၊ ရောင်းဝယ်မှုပြုခြင်းများ တိုးတက်များပြားလာသည်။

တန်ဖိုးအတက်အကျများမှုအပေါ် အခြေခံ၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်၍ ယင်း Crypto Assets များအပေါ် ရင်းနှီးမြှပ်နှံမှုပြုလုပ်သူများ များပြားလာသည့်နည်းတူ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို၊ လူကုန်ကူး၊ ကျားဖြန့်၊ AML/CFT အစရှိသည့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကလည်း ဘဏ်စာရင်းများအား အသုံးပြုရန် မလိုခြင်း၊ အခွန်တိမ်းရှောင်နိုင်ခြင်း စသည်တို့ကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို Cryto Assets များအဖြစ် သိမ်းဆည်းခြင်းများ ရှိလာခဲ့သည်။

ယခင်က တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို လွတ်လပ်စွာ ရွှေ့ပြောင်းရန်နှင့် အခွန်တိမ်းရှောင်ရန်တို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်) ကို သိုလှောင်ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရများက ခရစ်တို ငွေကြေးပိုင်ဆိုင်မှုများကို ရှာဖွေထိန်းချုပ်နိုင်သည်ဆိုသည့် အမြင်များရှိလာ၍ ဒုစရိုက်လုပ်ငန်းများအနေဖြင့် ခရစ်တို ငွေကြေးကိုင်တွယ်အသုံးပြုမှုများကို ပိုမိုသတိထားလုပ်ဆောင် လာနိုင်ပြီး ခရစ်တိုငွေကြေး (Bit Coin) အသုံးပြုမှုများ လျော့ကျလာနိုင်ကြောင်း သိရသည်။

Crypto Currency ဈေးကွက်သည် ဈေးနှုန်းအလွန်အမင်းအတက်/အကျ မြန်ဆန်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများအတွက် ငွေကြေးဆုံးရှုံးနိုင်မှုများဖြစ်ပွားနိုင်ခြင်းအပြင် စည်းမျဉ်းများကြီး ကြပ်ထိန်းကျောင်းမှု နည်းခြင်း၊ Online Security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ Hacking ခံရနိုင်ခြင်းများကြောင့် မိမိပိုင်ငွေကြေးများကိုလည်း ဆုံးရှုံးစေနိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071