နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်းတို့ အပေါ် ၅၀၅-ခ ဖြင့် တရားစွဲဆိုထားသောအမှုမှ တရားလို ဘက်က တင်သွင်းထားသည့် သက်သေခံစာရွက် ကိစ္စနှင့် စပ်လျဉ်းပြီး တရားပြိုင်ဘက်က ကန့်ကွက်ထားမှုအား ယနေ့ နေပြည်တော် တရား ရုံးတော်က အကျဉ်းနည်းနှင့် ပလပ်လိုက်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်း တို့အပေါ် ဖေဖော်ဝါရီ ၇ ရက်က Chair NLD စာမျက်နှာ ထက် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာမျက်နှာထက် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ချက်များနှင့် စပ်လျဉ်းပြီး တာဝန်ရှိသည် ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- ခနှင့် အမှုဖွင့်ပြီး အဆိုပါ ထုတ်ပြန်ချက်များကို သက်သေ အဖြစ် တရားလိုဘက်ကတင်သွင်းထားသည်။
ယင်းအပေါ် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်း တို့၏ ရှေ့နေများက တရားလိုဘက် ကတင်သွင်း သည့် သက်သေခံစာရွက် ကိစ္စအပေါ် ကန့်ကွက်ထားသည်။
ကန့်ကွက်ချက်ကို ရုံးတော်က ပလပ်ခဲ့၍ တိုင်းလွှတ်တော် အထိ ဆက်တက်ရန် စီစဉ်နေကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။