Thursday, February 13, 2025

ဘရော်နီကာနှင့် ဖရန်စစ်တာ ဗီယာတို့ ဆေးစစ်ဝိတ်ချိန်...

ONE Friday Fights 97 ပွဲစဥ်အတွင်း အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းအဖြစ်ပါဝင် ထိုးသ-တ်မည့် ကယန်း‌မွေထိုင်း လက်ဝှေ့မယ် ဘရော်နီကာနှင့် ချီလီဖိုက်တာ ဖရန်စစ်တာ...

ထိုင်ဝမ်၌ ကုန်တိုက်ပေါက်ကွဲ၍ လူတစ်ဦး‌ေ-သဆုံး

ဖေဖော်ဝါရီ၊ ၁၃ ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့တော်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူတစ်ဦး‌ေ-သဆုံးကာ လေးဦးသည် မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်တိုင်ပေ၏အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀...

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...
HomeNewsLocal Newsတရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ...

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူ

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန် တရားမဝင်စက်သုံးဆီများအား စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းချနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီက ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

မန္တလေးမြို့နေ ဦးသိန်းသန်းဝင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ(၂၆)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်(၂၇)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ မျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင်ရပ်ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သောကားများကို စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို ၂၂ ဘီးဆီသယ်ကား ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီးဆီသယ်ကား ၃ စီး၊ ၁၂ ဘီးဆီသယ်ကား ၁ စီး၊ ၁ဝ ဘီးဆီသယ်ကား ၃ စီး၊ ၈ ဘီးဆီသယ်ကား ၁ စီး၊ ၆ ဘီးဆီသယ်ကား ၃ စီး၊ Light Truck ၅ စီး၊ Toyota Van ၁ စီး၊ ပရီမီယမ်ဒီဇယ်(၃ဝဝ၈၃)ဂါ လန်၊ အောက်တိန်း 92 ဓာတ်ဆီ(၃၀၄၆၂)ဂါလန်နှင့် ငွေကြေးအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင်စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား(ရတနာပုံ)ကိုဖြတ်သန်း၍ စစ်ကိုင်း-ရှိန်းမကား-ကမ်းဖြူ-သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘိုအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်းသယ်ဆောင်ပြီး ဖားကန့်ဒေသရှိကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများ၊ ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိတရားမဝင်ရွှေလုပ်ကွက်များ၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့ပို့ ဆောင်ရောင်းချလျက်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် တရားမဝင်စက်သုံးဆီများသိုလှောင်ရောင်းချသူ(၁၇)ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိခဲ့သည့်ကားများနှင့် စက်သုံးဆီများကိုစိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရော်နီကာနှင့် ဖရန်စစ်တာ ဗီယာတို့ ဆေးစစ်ဝိတ်ချိန် အောင်မြင်

ONE Friday Fights 97 ပွဲစဥ်အတွင်း အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းအဖြစ်ပါဝင် ထိုးသ-တ်မည့် ကယန်း‌မွေထိုင်း လက်ဝှေ့မယ် ဘရော်နီကာနှင့် ချီလီဖိုက်တာ ဖရန်စစ်တာ ဗီယာတို့ ယနေ့ ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးအနေဖြင့် မနက်ဖြန် ဖေဖော်ဝါရီ(၁၄)ရက် ည (၇)ခွဲအချိန်တွင် စတင်ကျင်းပမည့် ONE-79 ပွဲစဉ်အတွင်း တွဲဆိုင်း(၆)ဆိုင်းမြောက်၌ ယှဉ်ပြိုင်ထိုးသ-တ်ကြရမည်ဖြစ်သည်။ ယနေ့ ဆေးစစ်ဝိတ်ချိန်မှုတွင် ဘရော်နီကာအနေဖြင့် ဝိတ်ချိန်မှုအောင်မြင်ပြီးစီးသော်လည်း ပထမဆုံးအကြိမ် Hydration Test (ရေဓာတ်ပမာဏ စစ်ဆေး)အခက်အခဲဖြစ်ပေါ်မည်ကို စိုးရိမ်မှုရှိခဲ့သော်လည်း အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

ထိုင်ဝမ်၌ ကုန်တိုက်ပေါက်ကွဲ၍ လူတစ်ဦး‌ေ-သဆုံး

ဖေဖော်ဝါရီ၊ ၁၃ ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့တော်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူတစ်ဦး‌ေ-သဆုံးကာ လေးဦးသည် မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်တိုင်ပေ၏အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ တိုင်ချန်မြို့ရှိ Shin Kong Mitsukoshi ကုန်တိုက်၏ ၁၂ လွှာရှိ အစားအသောက်ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် မီးသတ်ဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံ မီးသတ်ဌာနက ယာဉ် ၅၆ စီးနှင့် လူ ၁၃၆ ဦးကို စေလွှတ်ခဲ့ပြီး...

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိ မိန်းကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမကြီးအတိုင်း သံချောင်းများတင်၍ မောင်းနှင်လာသည့်တွဲကားသည် အခင်းဖြစ်နေရာအရောက် ရှေ့မှကားတစ်စီးအားကျော်တက်စဥ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။ " ကောင်မလေးက ကျောင်းသူလေးပါ။ တိုက်မိတဲ့အရှိန်နဲ့ တွဲကားအောက်ထဲမှာညပ်ပြီး သေဆုံးသွားတာပါ။ Body ကအတော်အခြေအနေဆိုးဆိုးဖြစ်သွားတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071