မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ယနေ့ ဒီဇင်ဘာ ၅ ရက်နံ နက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ် လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကိုစစ်ဆေးပြီး ဗိုလ်လောင်းတပ်ခွဲများမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)မှ အောင်စစ် သည်ဆုရ ဗိုလ်လောင်းဥာဏ်လင်းထက်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဗိုလ်လောင်းအာကာဖြိုး၊ စာပေထူးချွန်ဆုရ ဗိုလ်လောင်းစွမ်းထက်အောင်တို့အား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ထိုသို့ ထူးချွန်ဆုများချီးမြှင့်ပေးအပ်ပြီးနောက် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းဂုဏ်ပြုမိန့်ခွန်းပြောကြားပြီး ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူခဲ့ကြောင်း သိရသည်။
