တပ်မတော်မှ အကြမ်းဖက်အဖွဲ့ဝင်များခေတ္တထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်ပတ်ဝန်းကျင်အားလုံးကို နိုဝင်ဘာ ၇ ရက်နေ့လည်ပိုင်းက ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်သိမ်းပိုက်နိုင်ရန်ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီးငယ်(၄၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အ ကြမ်းဖက်အဖွဲ့များ၏ အလောင်း(၁၄)လောင်း၊ လက် နက်မျိုးစုံ(၆၀)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များခေတ္တထိန်းချုပ်ထားသည့် ဖယောင်းတောင်သတ္တုတွင်းဒေသတစ်ဝိုက်အား သြဂုတ် ၂၄ ရက်၊ အယ်လ်ဖာဘိလပ်မြေစက်ရုံအား သြဂုတ် ၂၈ ရက်တို့တွင် တပ်မတော်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်မှ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါးများအား ယခင်အတိုင်း စနစ်တ ကျ ဖွင့်/ပိတ်ခြင်း၊ ရေထိန်းရေလှောင်ခြင်း၊ ရာသီအလိုက်စနစ်တကျရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများ၊ ဒေသခံများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများဖူလုံစွာပြန်လည်ရရှိရေးနှင့် လို အပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
