တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်)တို့မှ အမြောက်(၂၁) ချက်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုခဲ့ကြကာ ရေငုတ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)၊ ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေ ယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)၊ ကမ်းလွန်ကင်းလှည့်ရေယာဉ်(အင်းလေး)၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(ရန်ငြိမ်းအောင်)နှင့် ရေငုပ်သင်္ဘောတို-က်ဖျ-က်ရေးရေယာဉ်(ရန်ရဲအောင်)၊ အမြန်သွားတို-က်ခို-က်ရေးရေယာဉ်(ဒုံးပျံ)စစ်ရေယာဉ်(၄၉၁)၊ အမြန်သွားတို-က်ခို-က်ရေးရေယာဉ်(ဒုံးပျံ)စစ်ရေယာဉ်(၄၉၂)တို့ကလည်း Single Line Formation ပုံပြုပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီးချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အမြန်သွားတို-က်ခို-က်ရေးရေယာဉ် စစ်ရေယာဉ် (၅၆၄)၊ (၅၆၆)၊ (၅၅၆)၊ (၅၅၈)၊ ကမ်းခြေစောင့်တို-က်ခို-က်ရေးရေယာဉ် စစ်ရေယာဉ်(၄၂၇)၊ (၄၂၈)၊ အမြန်သွားကင်းလှည့်ရေယာဉ်စစ်ရေယာဉ်(၂၇၁)၊ (၂၇၂)၊ (၂၇၆)၊ (၂၇၈)တို့ကလည်း Line Abreast Formation ပုံပြုပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီးချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်(ရေ) အရာရှိ၊ စစ်သည်များအား တပ်မတော်(ရေ)ကို (၇၈)နှစ်တာကာလအတွင်း အဆင့်ဆင့်တိုးချဲ့ဖွဲ့ စည်းတည်ဆောက်ခဲ့၍ လက်ရှိအခြေအနေတွင် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်အသုံးပြုနေနိုင်သည့်အနေအထားသို့ရောက်ရှိခဲ့ပြီဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
” ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်တည်ရှိရမည်၊ မြန်မာနိုင်ငံတော်တည်ရှိနေသရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ မြန်မာ့တပ်မတော်တည်ရှိနေသရွေ့ တပ်မတော်(ရေ)သည်လည်းတည်ရှိရမည်ဖြစ်တယ်”ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမှတ် (၃)ရေတပ်ဆိပ်ခံတံတားမှတစ်ဆင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ)ဖြင့်ထွက်ခွာရာ မြစ်အတွင်းရှိ တပ်မတော်(ရေ)စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များကအလေးပြုခဲ့ကြကြောင်း သိရသည်။
