(Unicode)
တပ်ကုန်းမြို့နယ်က EPC ရုံးလက်လုပ်မိုင်းနဲ့ပစ်ပေါက်ခံရ
နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ဗိုလ်မင်းရောင်ရပ်ကွက်၊နယ်မြေ(၁၂)မှာရှိတဲ့ မြို့နယိလျှပ်စစ်အင်ဂျင်နီယာရုံးဝင်းထဲက မီးပျက်၊မီးပြင်ရုံးနေရာကို နိုဝင်ဘာ ၁ ရက်မနက် ၁၀ နာရီခွဲလောက်က လက်လုပ်မိုင်းနဲ့ပစ်ပေါက်ခံခဲ့ရပါတယ်။
လက်လုပ်မိုင်းနဲ့ပစ်ပေါက်သူဟာ နေသူရိန်လမ်းဖက်ကနေ ဆိုင်ကယ်မောင်းလာပြီး လက်လုပ်မိုင်းနဲ့ပစ်ပေါက်မီးရှို့ကာ အနောက်ဖက်ကိုထွက်ပြေးသွားခဲ့ပါတယ်။လုံခြုံရေးအဖွဲ့တွေရောက်ရှိစစ်ဆေးရာမှာတော့ PVC ပိုက်အပိုင်းအစတွေနဲ့သံဘောစေ့အလုံး ၂၀ လောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
EPC ရုံးတွေမှာပေါက်ကွဲမှုတွေကြုံနေရပေမဲ့လည်း ပြည်သူတွေလျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ဆောင်ရွက်နေတာကြောင့် လျှပ်စစ်ဓာတ်အားခကြွေးကျန်လတွေအတွက် အမြန်ဆုံးလာရောက်ပေးသွင်းဖို့ နေပြည်တော်၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊အင်ဂျင်နီယာဌာနကနေ ထုတ်ပြန်ကြေညာထားပါတယ်။
ကြေညာချက်ထဲမှာ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ဓာတ်အားခကြွေးကျန်ပေးသွင်းခြင်းမရှိတဲ့သူတွေကို နိုဝင်ဘာ ၅ ရက်ကစပြီး ဓာတ်အားဖြတ်တောက်သွားမယ်လို့လည်း ရေးသားထားပါတယ်။
(Zawgyi)
တပ္ကုန္းၿမိဳ႕နယ္က EPC ႐ုံးလက္လုပ္မိုင္းနဲ႔ပစ္ေပါက္ခံရ
ေနျပည္ေတာ္၊တပ္ကုန္းၿမိဳ႕နယ္၊ဗိုလ္မင္းေရာင္ရပ္ကြက္၊နယ္ေျမ(၁၂)မွာရွိတဲ့ ၿမိဳ႕နယိလွ်ပ္စစ္အင္ဂ်င္နီယာ႐ုံးဝင္းထဲက မီးပ်က္၊မီးျပင္႐ုံးေနရာကို ႏိုဝင္ဘာ ၁ ရက္မနက္ ၁၀ နာရီခြဲေလာက္က လက္လုပ္မိုင္းနဲ႔ပစ္ေပါက္ခံခဲ့ရပါတယ္။
လက္လုပ္မိုင္းနဲ႔ပစ္ေပါက္သူဟာ ေနသူရိန္လမ္းဖက္ကေန ဆိုင္ကယ္ေမာင္းလာၿပီး လက္လုပ္မိုင္းနဲ႔ပစ္ေပါက္မီးရႈိ႕ကာ အေနာက္ဖက္ကိုထြက္ေျပးသြားခဲ့ပါတယ္။လုံၿခဳံေရးအဖြဲ႕ေတြေရာက္ရွိစစ္ေဆးရာမွာေတာ့ PVC ပိုက္အပိုင္းအစေတြနဲ႔သံေဘာေစ့အလုံး ၂၀ ေလာက္ကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။
EPC ႐ုံးေတြမွာေပါက္ကြဲမႈေတြႀကဳံေနရေပမဲ့လည္း ျပည္သူေတြလွ်ပ္စစ္ဓာတ္အား ရရွိေရးအတြက္ေဆာင္႐ြက္ေနတာေၾကာင့္ လွ်ပ္စစ္ဓာတ္အားခေႂကြးက်န္လေတြအတြက္ အျမန္ဆုံးလာေရာက္ေပးသြင္းဖို႔ ေနျပည္ေတာ္၊လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း၊အင္ဂ်င္နီယာဌာနကေန ထုတ္ျပန္ေၾကညာထားပါတယ္။
ေၾကညာခ်က္ထဲမွာ သတ္မွတ္ရက္ထက္ေက်ာ္လြန္ၿပီး ဓာတ္အားခေႂကြးက်န္ေပးသြင္းျခင္းမရွိတဲ့သူေတြကို ႏိုဝင္ဘာ ၅ ရက္ကစၿပီး ဓာတ္အားျဖတ္ေတာက္သြားမယ္လို႔လည္း ေရးသားထားပါတယ္။