(Unicode)
တန်ဖိုးနည်းအိမ်ရာတွေကို ဒီဇင်ဘာလတွင် ရောင်းချမည်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ယာဖွံ့ ဖြိုးရေးဦးစီးဌာနက အတိုးနှုန်းသက်သာတဲ့ချေး ငွေနဲ့ရောင်းချပေးမည့် ဝင်ငွေနည်းပြည်သူတွေအ တွက် တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို CHID ဘဏ်ကနေတဆင့် ဒီဇင်ဘာလအတွင်းမှာ ရောင်းချသွားမှာဖြစ်ပြီး အိမ်ရာဝယ်ယူခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာ ၁၃ မှ ၁၇ နေ့ထိ၊နံနက် ၉နာရီမှ ၄နာရီခွဲအချိန်အတွင်း အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ဝယ်ယူဖို့အတွက် CHID ဘဏ်တွင် ၂၀၂၁ခုနှစ်၊ဩဂုတ်လ ၃၁ရက်နေ့အထိ စုဆောင်းငွေ အနည်းဆုံး ကျပ်သိန်း ၃၀ စုဆောင်းထားရှိသူများ ဖြစ်ရမည်ဟု သိရပါတယ်။
CHID ရဲ့ဘဏ်စာရင်းမှာ ပါတဲ့ လူဦးရေ ၄၃၁၅ ဦးခန့်ဟာ မိမိတို့လျှောက်ထားလိုတဲ့ အိမ်ရာတွေကို DUHD Sale Housing Facebook Messengerမှတဆင့် စာရင်းပေးသွင်းရမှာဖြစ် ပြီး CHID ဘဏ်ရဲ့ Page Messenger ကနေတဆင့်လျှောက်ထားပါက အကျုံးမဝင်ဘူးလို့လည်း ဘဏ်ကထုတ်ပြန်ထားပါတယ်။
အခန်းဝယ်ယူခွင့်ရရှိသူတွေရဲ့အမည်စာရင်းနဲ့ မဲနှိုက်ရောင်းချမည့်အစီအစဉ်ကို DUHD Sale Housing Facebook Page နဲ့ CHID ဘဏ်ရဲ့ Facebook Pageတို့မှာ ထပ်မံကြေညာပေးသွားမှာ ဖြစ်တယ်လို့လည်း မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ကြေညာထားပါတယ်။
လက်ရှိရောင်းချပေးမယ့်တန်ဖိုးနည်းအိမ်ရာတွေကတော့ သန်လျင်-ကျောက်တန်း-သီလဝါ အိမ်ရာစီမံကိန်းမှ အခန်းများအပါအဝင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော်ရှိ အိမ်ရာများအပါအဝင် လှိုင်သာယာက ကျန်စစ်မင်းနှင့် ထီးလှိုင်ရှင်အိမ်ရာအခန်းတွေပါဝင်တယ်လို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေရောင်းချပေးနေပေမယ့် ဝယ်လိုအားများတာကြောင့် တိုးချဲ့ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ရောင်းချပေးနေတဲ့ တိုက်ခန်းတွေနဲ့ဝယ်တဲ့သူတွေက မမျှသေးဘူး ဒါပေမဲ့ အကုန်လုံးကိုရောင်းချပေးနိုင်အောင် ကြိုးစားနေတယ် အခုပွင့်လင်းရာသီရောက်လာပြီဆိုတော့ အိမ်ယာစီမံ ကိန်း ၄ ခု ၅ ခုလောက်ဆောက်လုပ်ဖို့ကို အတည် ပြုချက်ရဖို့အတွက် ဝန်ကြီးဌာနကိုတင်ပြထားတယ်”လို့ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်ကပြောပါတယ်။
အဲဒီလိုရောင်းချရာမှာ စောင့်ဆိုင်းနေတဲ့ တိုက်ခန်းဝယ်ယူမည့်သူတွေကို တစ်ကြိမ်ရောင်းချတိုင်း တိုက်ခန်းအရေအတွက် ရာဂဏန်းလောက် သာရောင်းချပေးနိုင်တယ်လို့ သိရပါတယ်။
တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းဝယ်ယူသူတွေဟာ ဘဏ်မှာ ၃၀ ရာခိုင်နှုန်းစုဆောင်းငွေရှိရမှာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း နှစ်အ လိုက်ချေးငွေရယူပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
“တန်ဖိုးနည်းအိမ်ယာအစီအစဥ်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုဘဏ် သက်ဆိုင်ရာဘဏ်တွေ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အားလုံးညှိနှိုင်းပြီး အပေါင်ပစ္စည်းတင်ရမယ်ဆိုတဲ့သတ်မှတ်ချက်အစား ဝယ်တဲ့တိုက်ခန်းကိုပဲ အပေါင်ပစ္စည်းအနေနဲ့သတ်မှတ်လိုက်တယ်”လို့ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်ကပြောပါတယ်။
အခုလို တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းတွေရောင်းချပေးတာကြောင့် လစဥ်ဝင်ငွေ ၃ သိန်းနဲ့ ၅ သိန်းကြားရှိတဲ့ပြည်သူတွေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
“အိမ်မှာက သားနှစ်ယောက်ရဲ့ဝင်ငွေက တစ်လကို ၅ သိန်းကျော်လောက်ရတယ် ဒါပေမဲ့အိမ်လခပေးရတော့ ထင်သလောက်တော့မလွယ်ဘူးပေါ့ အခုတန်ဖိုးနည်းတိုက်ခန်းဝယ်ဖို့စာရင်းပေးထားတယ် အိမ်လခလွတ်သွားမယ် ကိုယ်ပိုင်လည်းဖြစ်သွားမယ် တိုက်ခန်းဖိုးကြေသွားရင်ပေါ့”လို့ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူဖို့စာရင်းပေးထားတဲ့ ဒေါ်ဝင်းဝင်းကပြောပါတယ်။
(Zawgyi)
တန္ဖိုးနည္းအိမ္ရာေတြကို ဒီဇင္ဘာလတြင္ ေရာင္းခ်မည္
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ၿမိဳ႕ျပႏွင့္အိမ္ယာဖြံ႕ ၿဖိဳးေရးဦးစီးဌာနက အတိုးႏႈန္းသက္သာတဲ့ေခ်း ေငြနဲ႔ေရာင္းခ်ေပးမည့္ ဝင္ေငြနည္းျပည္သူေတြအ တြက္ တန္ဖိုးနည္း၊တန္ဖိုးသင့္ တိုက္ခန္းေတြကို CHID ဘဏ္ကေနတဆင့္ ဒီဇင္ဘာလအတြင္းမွာ ေရာင္းခ်သြားမွာျဖစ္ၿပီး အိမ္ရာဝယ္ယူခြင့္ေလွ်ာက္လႊာေတြကို ဒီဇင္ဘာ ၁၃ မွ ၁၇ ေန႔ထိ၊နံနက္ ၉နာရီမွ ၄နာရီခြဲအခ်ိန္အတြင္း အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရပါတယ္။
ဝယ္ယူဖို႔အတြက္ CHID ဘဏ္တြင္ ၂၀၂၁ခုႏွစ္၊ဩဂုတ္လ ၃၁ရက္ေန႔အထိ စုေဆာင္းေငြ အနည္းဆုံး က်ပ္သိန္း ၃၀ စုေဆာင္းထားရွိသူမ်ား ျဖစ္ရမည္ဟု သိရပါတယ္။
CHID ရဲ႕ဘဏ္စာရင္းမွာ ပါတဲ့ လူဦးေရ ၄၃၁၅ ဦးခန္႔ဟာ မိမိတို႔ေလွ်ာက္ထားလိုတဲ့ အိမ္ရာေတြကို DUHD Sale Housing Facebook Messengerမွတဆင့္ စာရင္းေပးသြင္းရမွာျဖစ္ ၿပီး CHID ဘဏ္ရဲ႕ Page Messenger ကေနတဆင့္ေလွ်ာက္ထားပါက အက်ဳံးမဝင္ဘူးလို႔လည္း ဘဏ္ကထုတ္ျပန္ထားပါတယ္။
အခန္းဝယ္ယူခြင့္ရရွိသူေတြရဲ႕အမည္စာရင္းနဲ႔ မဲႏႈိက္ေရာင္းခ်မည့္အစီအစဥ္ကို DUHD Sale Housing Facebook Page နဲ႔ CHID ဘဏ္ရဲ႕ Facebook Pageတို႔မွာ ထပ္မံေၾကညာေပးသြားမွာ ျဖစ္တယ္လို႔လည္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ ၿဖိဳးေရးဦးစီးဌာနက ေၾကညာထားပါတယ္။
လက္ရွိေရာင္းခ်ေပးမယ့္တန္ဖိုးနည္းအိမ္ရာေတြကေတာ့ သန္လ်င္-ေက်ာက္တန္း-သီလဝါ အိမ္ရာစီမံကိန္းမွ အခန္းမ်ားအပါအဝင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ရွိ အိမ္ရာမ်ားအပါအဝင္ လႈိင္သာယာက က်န္စစ္မင္းႏွင့္ ထီးလႈိင္ရွင္အိမ္ရာအခန္းေတြပါဝင္တယ္လို႔ သိရပါတယ္။
တန္ဖိုးနည္းအိမ္ရာေတြေရာင္းခ်ေပးေနေပမယ့္ ဝယ္လိုအားမ်ားတာေၾကာင့္ တိုးခ်ဲ႕ေဆာက္လုပ္ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။
“ကြၽန္ေတာ္တို႔ေရာင္းခ်ေပးေနတဲ့ တိုက္ခန္းေတြနဲ႔ဝယ္တဲ့သူေတြက မမွ်ေသးဘူး ဒါေပမဲ့ အကုန္လုံးကိုေရာင္းခ်ေပးႏိုင္ေအာင္ ႀကိဳးစားေနတယ္ အခုပြင့္လင္းရာသီေရာက္လာၿပီဆိုေတာ့ အိမ္ယာစီမံ ကိန္း ၄ ခု ၅ ခုေလာက္ေဆာက္လုပ္ဖို႔ကို အတည္ ျပဳခ်က္ရဖို႔အတြက္ ဝန္ႀကီးဌာနကိုတင္ျပထားတယ္”လို႔ ၿမိဳ႕ျပႏွင့္အိမ္ယာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးဦးဝင္းႏိုင္ကေျပာပါတယ္။
အဲဒီလိုေရာင္းခ်ရာမွာ ေစာင့္ဆိုင္းေနတဲ့ တိုက္ခန္းဝယ္ယူမည့္သူေတြကို တစ္ႀကိမ္ေရာင္းခ်တိုင္း တိုက္ခန္းအေရအတြက္ ရာဂဏန္းေလာက္ သာေရာင္းခ်ေပးႏိုင္တယ္လို႔ သိရပါတယ္။
တန္ဖိုးနည္း၊တန္ဖိုးသင့္တိုက္ခန္းဝယ္ယူသူေတြဟာ ဘဏ္မွာ ၃၀ ရာခိုင္ႏႈန္းစုေဆာင္းေငြရွိရမွာျဖစ္ၿပီး က်န္တဲ့ ၇၀ ရာခိုင္ႏႈန္းကိုေတာ့ ဗဟိုဘဏ္ကသတ္မွတ္ထားတဲ့ အတိုးႏႈန္းအတိုင္း ႏွစ္အ လိုက္ေခ်းေငြရယူၿပီး ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။
“တန္ဖိုးနည္းအိမ္ယာအစီအစဥ္မွာ ဘ႑ာေရးဝန္ႀကီးဌာန ဗဟိုဘဏ္ သက္ဆိုင္ရာဘဏ္ေတြ ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ အားလုံးညႇိႏႈိင္းၿပီး အေပါင္ပစၥည္းတင္ရမယ္ဆိုတဲ့သတ္မွတ္ခ်က္အစား ဝယ္တဲ့တိုက္ခန္းကိုပဲ အေပါင္ပစၥည္းအေနနဲ႔သတ္မွတ္လိုက္တယ္”လို႔ ဒုတိယၫႊန္ၾကားေရးမႉးဦးဝင္းႏိုင္ကေျပာပါတယ္။
အခုလို တန္ဖိုးနည္း၊တန္ဖိုးသင့္တိုက္ခန္းေတြေရာင္းခ်ေပးတာေၾကာင့္ လစဥ္ဝင္ေငြ ၃ သိန္းနဲ႔ ၅ သိန္းၾကားရွိတဲ့ျပည္သူေတြ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။
“အိမ္မွာက သားႏွစ္ေယာက္ရဲ႕ဝင္ေငြက တစ္လကို ၅ သိန္းေက်ာ္ေလာက္ရတယ္ ဒါေပမဲ့အိမ္လခေပးရေတာ့ ထင္သေလာက္ေတာ့မလြယ္ဘူးေပါ့ အခုတန္ဖိုးနည္းတိုက္ခန္းဝယ္ဖို႔စာရင္းေပးထားတယ္ အိမ္လခလြတ္သြားမယ္ ကိုယ္ပိုင္လည္းျဖစ္သြားမယ္ တိုက္ခန္းဖိုးေၾကသြားရင္ေပါ့”လို႔ တန္ဖိုးနည္းတိုက္ခန္းဝယ္ယူဖို႔စာရင္းေပးထားတဲ့ ေဒၚဝင္းဝင္းကေျပာပါတယ္။