Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeArticlesတန်ဆောင်မုန်း လပြည့် ...

တန်ဆောင်မုန်း လပြည့် မဲဇလီဖူးသုပ် စားနေ့

တန်ဆောင်မုန်းလသည် ရာသီ ဥတုကြည်လင် သာယာကြည်နူးဖွယ် လ ဖြစ်သည်။မိုးနှောင်း ဆောင်းဦးကာလဖြစ်သည်။ ရာသီ ဥတု သာယာသည်နှင့်အမျှ မြန်မာ့ ရိုးရာဓလေ့ ဘာသာရေးပွဲတော် အများဆုံးလဟု ဆိုနိုင်သည်။ တန် ဆောင်မုန်းလကို သင်္ကန်းပွဲတော်လ ဟုလည်း ဆိုကြသည်။ ကထိန်အလှူပွဲ တော်၊ မသိုးသင်္ကန်း ယက်လှူပွဲ၊ ပံ့သု ကူ သင်္ကန်းပွဲ၊ ကြာသင်္ကန်း ကပ်လှူပွဲ များကို မြန် မာဗုဒ္ဓဘာသာတို့ အမြတ် တနိုး လှူဒါန်းကြသည့်ပွဲများ ဖြစ် သည်။ဆောင်မုန်းလသည် ရာသီ ဥတုကြည်လင် သာယာကြည်နူးဖွယ် လ ဖြစ်သည်။မိုးနှောင်း ဆောင်းဦးကာလဖြစ်သည်။ ရာသီ ဥတု သာယာသည်နှင့်အမျှ မြန်မာ့ ရိုးရာဓလေ့ ဘာသာရေးပွဲတော် အများဆုံးလဟု ဆိုနိုင်သည်။ တန် ဆောင်မုန်းလကို သင်္ကန်းပွဲတော်လ ဟုလည်း ဆိုကြသည်။ ကထိန်အလှူပွဲ တော်၊ မသိုးသင်္ကန်း ယက်လှူပွဲ၊ ပံ့သု ကူ သင်္ကန်းပွဲ၊ ကြာသင်္ကန်း ကပ်လှူပွဲ များကို မြန် မာဗုဒ္ဓဘာသာတို့ အမြတ် တနိုး လှူဒါန်းကြသည့်ပွဲများ ဖြစ် သည်။

ဤသို့ ဘာသာရေးပွဲများနှင့် သက်ဆိုင်ခြင်းမရှိသော ကျီးမနိုးပွဲ ကဲ့ သို့ ပျော်ရွှင်ပွဲနှင့် မဲဇလီဖူးသုပ်စား သည့် ဓလေ့ကိုလည်း တန်ဆောင်မုန်း လပြည့်နေ့တွင်  ပြုလုပ်ကြသည်။ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ် သော တန်ဆောင်မုန်း လပြည့်နေ့ တွင် ဆေးပင်အပေါင်းတို့ကို စောင့် သော နတ်အသီးသီးတို့သည် မဲဇလီ ပင် စောင့်နတ်မင်းအား တညီတညွတ် လာရောက်ခစားကြသည်။ ဤသည် ကို အဆွဲပြု၍ မဲဇလီပင်သည် ဆေး ပေါင်းခသည့် အပင်ဖြစ်သည်ဟု ယူ ဆကြသည်။ ထိုအချိန်မျိုးတွင် မဲဇလီ ဖူးကို စားသုံးပါက အန္တရာယ်မျိုး ၉၆ ပါး ကင်း၍ ဘုန်းကြီးသက်ရှည်နိုင် သည်ဟု သာရကောမုဒိ၊ ဓာတွန္တရီ၊ သြသဓရတနာကရ စသော ဆေး ကျမ်းများတွင် ပြဆိုကြသည်။ မဲဇလီဖူးကို တန်ဆောင်မုန်း လပြည့်နေ့ညအခါ ရွှေနန်းတော်မှ စ၍ တစ်ပြည်လုံးနှင့်တကွ  စားသုံး ကြသည်မှာလည်း သာရကောမုဒိ၊ ဓာတွန္တရီ၊ ဓာတုဒီပနီ၊ သြသဓရတ နာကရ စသော ဆေးကျမ်းစု အပါ အဝင် ကဝေသာရ ဆေးကျမ်းတွင် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်သော တန်ဆောင်မုန်း လပြည့်နေ့ ပုဏ္ဏ တိထီတွင် ဆေးပင်အပေါင်း တို့ကို စောင့်သော နတ်တို့သည် မဲဇလီပင် စောင့် နတ်မင်းအား ခစားညီမှု လာ ကြောင်း၊ ထိုအခါ မဲဇလီဖူးကို စား သုံးရသဖြင့် အန္တရာယ် မျိုး ၉၆ ပါး ကင်း၍ ဘုန်းကြီး သက် ရှည်ရှိကြောင်းများ ကို ဆိုသောကြောင့် ထိုမဲဇလီဖူးကို စား သုံးကြသော ထုံးဖြစ် လာလေသည်ဟု ဝေါဟာရ လီနတ္တဒီပနီ၌လည်း ပြဆိုထား လေသည်။

ထို့ပြင် ကြတ္တိကာနက္ခတ်ကို စောင့်သော မီးနတ်ကြီးသည် တန် ဆောင်မုန်း လပြည့်နေ့တွင် လူ့ပြည် ကို ဆင်းလာသည်။ လူ့ပြည်ရှိ သူ့မိတ် ဆွေ မဲဇလီပင်စောင့်နတ်မင်း ထံမှာ တည်းခိုလေ့ရှိသည်။ ထိုအခါ လူ့ ပြည်၌ ရှိကြသည့် နတ်အပေါင်းနှင့် တကွ အာကာသစိုး နတ်များသည် မီးနတ်မင်း တည်းခိုရာ မဲဇလီပင် စောင့် နတ်မင်းထံသို့ လာရောက် စုဝေးကြသည်။ နှုတ်လည်း ဆက်ကြ သည်။ ယင်းသို့မီးနတ်မင်းကြီးနှင့် တန် ခိုးကြီး နတ်တို့ခိုလှုံသည့် သစ်ပင်ဖြစ် သောကြောင့် မဲဇလီပင်၏ အကိုင်း အခက် အညွှန့်အဖူးတို့သည် ထူးကဲ သော တန်ခိုးသတ္တိနှင့် ပြည့်စုံလာ သည်ဟု ယူဆကြသည်။ ထို့အပြင် မဲဇလီပင်သည် ဆေးပေါင်းခသည့် အပင်ဖြစ်သည်။ ထိုအပင်၏ အဖူး အညွှန့်များသည်လည်း ၉၆ ဖြာ ဘေး ရောဂါနှင့်တကွ အန္တရာယ်  အသွယ် သွယ်ကို ဖယ်ရှားနိုင်သည်ဟု တွေး ခေါ်ကြသည်။

ထို့ကြောင့် မြန်မာ လူမျိုးများ တန်ဆောင်မုန်း လပြည့် နေ့တွင် မဲဇလီဖူးသုပ် စားသည့်ဓ လေ့ထုံးစံ ဖြစ်ပေါ်လာသည်ဟု အချို့ ပညာရှင်များက ဆိုကြသည်။ သို့ကြောင့်လည်း မြန်မာလူမျိုး တို့သည် တန်ဆောင်မုန်း လပြည့်နေ့ တွင် မဲဇလီဖူးကို ဆီ၊ ကြက်သွန်၊ နှမ်း တို့နှင့် သုပ်ပြီးကိုယ်တိုင်စားကြသည့် အပြင် အိမ်နီးချင်းများကိုလည်း အန္တရာယ်ကင်း ဆေးအဖြစ် ပေးကမ်း လေ့ရှိကြသည်။ ကျေးလက်တောရွာများတွင် လရောင်ထိထားသည့် မဲဇလီဖူးများ က ဆေးဖက်ဝင် ဆေးပေါင်းခ၊ ဆေး စွမ်း ပိုထက်သည်ဟု အယူရှိကြသဖြင့် တန်ဆောင်မုန်း လပြည့်ညတွင် သုပ် စားလေ့ရှိသည်။ မြို့များတွင် နက္ခတ် စံချိန်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်ည ၉း၁၆ နာရီနှင့်  လပြည့်ည သန်းခေါင်ယံတွင်၊ လပြည့်နေ့မတိုင်မီ ခူးယူထားသည့် မဲဇလီဖူးများကို သုပ်စားကြသည်။ နတ်ပြည်တွင် နတ်သက်ရှည်ရန် စားလေ့ရှိသည့် မဉ္ဇူသကနတ်ပန်း နှင့် ဆင်တူသောကြောင့် မဲဇလီဖူး၊ ရွက်များ စားသုံးခြင်းဖြင့် အသက် ရှည် အနာမဲ့ကြောင်း ရှေးလူကြီးတို့ က ဆိုစမှတ်ပြုကာ ယုံကြည်စွာ မဲဇလီဖူးကို စားသုံးခဲ့သော ဓလေ့ သည်ယနေ့တိုင် ထွန်းကားနေခြင်း ဖြစ်လေသည်။

မြတ်မင်းလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071