Monday, January 20, 2025

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင်...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...
HomeNewsLocal Newsတန့်ယန်းမြို့နယ်၌ Online အသုံးပြု၍...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေး ရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ နေအိမ်အတွင်း၌ Online အ သုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား အမျိုး သား၊ အမျိုးသမီး (၂၇)ဦးတို့အား ကွန်ပျူတာမျိုးစုံ(၂၆)လုံး၊ ဆက် စပ်ပစ္စည်း(၂၆)မျိုး၊ Star Link (၁)စုံ၊ ဖုန်းမျိုးစုံ (၁၃၀)လုံးနှင့် CZ 75 D 9 MM ပစ္စတိုသေနတ် (၁)လက်၊ ကျည်(၈)တောင့်၊ Beretta 9 MM ပစ္စတိုသေနတ်(၁)လက်၊ ကျည် (၇)တောင့်၊ Type-81 သေနတ်(၂)လက်၊ ကျည်အိမ်(၃)ခု၊ ကျည်(၄၀)တောင့်၊ ၄၀ မမ ပြောင်း (၁)ခု၊ စကားပြောစက်(၆)လုံး၊ ဆိုင်ကယ်(၂)စီး၊ မီးစက်(၁)လုံး၊ WiFi စက်(၃)လုံး၊ DONG FENG ၆ ဘီးကား(၁)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများနှင့်မြန်မာနိုင်ငံသားများအား တန့်ယန်းမြို့မရဲစခန်းက အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၃၃(က)၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ပြောကြားသည့် မိန့်ခွန်း၌ ကတိပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အစိုးရ၏Home for Thais အစီအစဉ်ကို စတင်လိုက်ပြီးနောက် လူပေါင်း ၃၁ သန်းက တိုက်ခန်းအတွက် စာရင်းသွင်းရန် စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပြီး သိန်းနှင့်ချီ၍ မှတ်ပုံတင်ထားပြီဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်မည့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများမတိုင်မီ တနင်္ဂနွေနေ့က Bueng Kan...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071