(Unicode)
တန့်ဆည်မှာ ဆိုင်ကယ်ကိုရပ်ပြီးစစ်ဆေးတုန်း လက်လုပ်မိုင်းပေါက် ဆိုင်ကယ်မောင်းလာသူသေဆုံးဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့က မေတ္တာမြိုင်ရပ် ကွက်မှာ နိုဝင်ဘာ ၂၆ ရက်မနက် ၈ နာရီလောက်က ကံထူးမရွာဖက်ကနေ တန့်ဆည်မြို့ဖက်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို လုံခြုံရေးအဖွဲ့တွေကတားဆီးစစ်ဆေးတုန်း လက်လုပ်မိုင်းပေါက်ကွဲခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
ဆိုင်ကယ်မောင်းလာသူ လွယ်ထားတဲ့ကျောပိုး အိတ်ထဲက လက်လုပ်မိုင်းပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်လုပ်မိုင်းပေါက်ကွဲလို့ ဆိုင်ကယ်မောင်းလာသူဟာ မိုင်းစထိမှန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့သလို လုံခြုံရေးအဖွဲ့ဝင် နှစ်ယောက်လည်း မိုင်းစထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးမှုကို သေမှုသေခင်းဖွင့်လှစ်ခဲ့ပြီး ဒဏ်ရာရသွားတဲ့ လုံခြုံရေးအဖွဲ့ဝင် နှစ်ယောက်ကိုတော့ တန့်ဆည်ပြည်သူ့ဆေးရုံကိုပို့ဆောင်ဆေးကုသပေးနေပါတယ်။
(Zawgyi)