(Unicode)
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းအား အလုပ်နှင့်ထောင် ၁၁နှစ်ချ
တနင်္သာရီတိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးမြင့်မောင်အား တရားရုံးက ပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၉ အရ ထောင်ဒဏ် (၇) နှစ်၊ သဘာဝဘေးဥပဒေပုဒ်မ-၂၅ အရ ထောင်ဒဏ် (၂)နှစ်၊ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ယနေ့နိုဝင်ဘာ ၁၁ရက်တွင် ချမှတ်လိုက်သည်ဟုရှေ့နေများထံက သိရသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စား လှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု”ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ၊သဘာဝဘေးဥပဒေပုဒ်မ-၂၅အား ဖောက်ဖျက်ကျူးလွန်သည်ဟု ဆိုပြီး တရားရုံးက အထက်ပါအမိန့်များအား ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးမြင့်မောင်အမှုကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင် ၇၇နှစ်ချမှတ်ထားသည်။
(Zawgyi)
တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းအား အလုပ္ႏွင့္ေထာင္ ၁၁ႏွစ္ခ်
တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္(ေဟာင္း) ဦးျမင့္ေမာင္အား တရား႐ုံးက ပုဒ္မ ၅၀၅(ခ) အရ ေထာင္ဒဏ္ ႏွစ္ႏွစ္၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၀၉ အရ ေထာင္ဒဏ္ (၇) ႏွစ္၊ သဘာဝေဘးဥပေဒပုဒ္မ-၂၅ အရ ေထာင္ဒဏ္ (၂)ႏွစ္၊ စုစုေပါင္း အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၁) ႏွစ္ ယေန႔ႏိုဝင္ဘာ ၁၁ရက္တြင္ ခ်မွတ္လိုက္သည္ဟုေရွ႕ေနမ်ားထံက သိရသည္။
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ “ျပည္သူ႔ဝန္ထမ္းကျဖစ္ေစ၊ ဘဏ္တိုက္စိုးကျဖစ္ေစ၊ ကုန္သည္ကျဖစ္ေစ၊ ကိုယ္စား လွယ္ကျဖစ္ေစ၊ ရာဇဝတ္မကင္းေသာ ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႈ”ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၀၉ ၊သဘာဝေဘးဥပေဒပုဒ္မ-၂၅အား ေဖာက္ဖ်က္က်ဴးလြန္သည္ဟု ဆိုၿပီး တရား႐ုံးက အထက္ပါအမိန႔္မ်ားအား ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
ဦးျမင့္ေမာင္အမႈကို ထားဝယ္အက်ဥ္းေထာင္အတြင္းရွိ အထူးတရား႐ုံးတြင္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔နံနက္ေစာေစာတြင္ ဦးျမင့္ေမာင္အား ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ရက္အနည္းငယ္ အၾကာတြင္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဝန္ႀကီးမ်ားအိမ္ရာသို႔ ျပန္ပို႔ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ ျပန္လည္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚနန္းခင္ေထြးျမင့္ကို ေထာင္ ၇၇ႏွစ္ခ်မွတ္ထားသည္။