ရခိုင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ကို ဇွန် ၂၀ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လွှတ်တော်က ယင်းမိန့်ခွန်းကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးအတွင်း တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးမျိုးညွန့်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို သတ်မှတ်အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
