တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးပြီးနောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များအ ပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်နှင့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်း သိမ်းမှုဆိုင်ရာ ဒု-ကြည်းတပ်ဦးစီးချုပ်တို့က အစည်း အဝေးသဘောတူညီချက်များအား အတည်ပြုလက် မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်နှင့် ကော်မတီဝင်မြန်မာ့တပ် မတော်မှအရာရှိကြီးများ၊ ရုရှားနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒု- ကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့်ကော်မတီဝင် ရုရှား တပ်မတော်မှအရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
