တတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ပထမပုံမှန်အ စည်းအဝေး(ဒုတိယနေ့)အား ယနေ့ ဧပြီ ၂ ရက်နံနက်ပိုင်းကကျင်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာကိစ္စရပ်များလေ့လာရေးနှင့် ဥပဒေကြမ်းကော်မ တီနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့ကိုဖွဲ့စည်းခဲ့သည်။
အဆိုပါ ကော်မတီနှစ်ရပ်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်၊ သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော် ဒု-ဥ က္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကော်မတီများတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အ မည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာ ရင်းတို့ကို တိုင်းဒေသကြီးလွှတ်တော်သို့အဆိုပြုတင်ပြခဲ့ကြသည်။
ထိုသို့ အဆိုပြုတင်ပြမှုများကို တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များကဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကော်မတီနှစ်ရပ်တွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏အမည်စာရင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်အဆုံးအဖြတ်ရယူပြီးနောက် အတည်ပြုခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယကထံမှ ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခဲ့သည်။
