Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsတတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား...

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ၏ နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာန (Institute of Myanmar Studies) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်တို့တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ကြသည်။

“ပြိုင်ပွဲကိုစီစဉ်ကျင်းပသူများအပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့ယဉ်ကျေးမှုသည် ထူးခြားသောအနှစ်သာရနှင့် အမျိုးသားရေးလက္ခဏာများ ပေါင်းစပ်ပါဝင်နေကြောင်း၊ ဤပြိုင်ပွဲသည် မြန်မာစာပေကို လေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာနားလည်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းပြင် ယဉ်ကျေးမှုချင်း အပြန်အလှန် လေ့လာဖလှယ်ခြင်းသည် ပြည်သူလူထုချင်းဆက်သွယ်မှုကို တိုးမြှင့်ရာတွင် အရေးပါကြောင်းနှင့် ဤပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေတို့ကို ထိတွေ့ခွင့်ရရှိစေမည့် ရောင်စုံပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလိမ့်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း” ဦးသွင်ထက်လင်းကပြောကြားခဲ့သည်။

CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်က “ဤပြိုင်ပွဲသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားကာ ရိုးသားပြီး ဘက်လိုက်မှုကင်းသောအမြင်များကို ရှုမြင်နိုင်ရန် အရေးပါသည့် တန်ဖိုးကို ပေးစွမ်းကြောင်း၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာများသည် ကုမ္ပဏီ၏ ပိုက်လိုင်းစီမံကိန်းကဲ့သို့ပင် တရုတ် – မြန်မာ ဆက်သွယ်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဘာသာစကား နှစ်မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်သည့် လူငယ်များသည် နှစ်နိုင်ငံအပြန်အလှန်နားလည်မှုအတွက် မျှော်လင့်ချက်ဖြစ်သည်ဟု မှတ်ယူကြောင်း၊ ဤပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့် ရိုးသားမှန်ကန်သော ဖော်ပြချက်များဖြင့် တရုတ်နှင့် မြန်မာလူငယ်များအား တစ်ဦးနှင့်တစ်ဦးစစ်မှန်ပြီး စိတ်ဝင်စားစရာကောင်းသည့် ပုံရိပ်များမြင်တွေ့ရန် မျှော်လင့်ပါကြောင်း” ပြောကြားခဲ့သည်။

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲကို “၇၅ နှစ်မြောက် မေတ္တာ၊ မဟာမိတ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ လူငယ်ချင်းပေါင်းစပ်ကာ ခေတ်သစ်ကိုဖန်တီးကြ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယူနန်တိုင်းရင်းသားတက္ကသိုလ် (Yunnan Minzu University)၊ ယူနန်တက္ကသိုလ်၊ ကွမ်တုန်းနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးတက္ကသိုလ် (Guangdong University of Foreign Studies)၊ အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ် (National University of Defense Technology)၊ ကွမ်ရှီတိုင်းရင်းသားတက္ကသိုလ် (Guangxi Minzu University) အပါအဝင် တက္ကသိုလ် ၂၃ ခုမှ ကျောင်းသား၊ ကျောင်းသူများသည် စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးတွင် စုစုပေါင်း လက်ရာ ၁၂၅ ခုသည် ကျွမ်းကျင်သူ အကဲဖြတ်အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ယင်းတို့၏ အကြောင်းအရာများတွင် ပြည်ပပညာသင်ဘဝ Vlogs များ၊ သီချင်းနှင့် အကများ၊ ရိုးရာယဉ်ကျေးမှု မိတ်ဆက်ပေးမှုများ အစရှိသည့် နယ်ပယ်များစွာပါဝင်ခဲ့သည်။ ပြည်တွင်းရှိ ကွဲပြားသော တက္ကသိုလ် ၁၉ ခုမှ မြန်မာဘာသာစကား ကျွမ်းကျင်ဆရာ၊ ဆရာမများနှင့် စီစဉ်သူဘက်မှ ကျွမ်းကျင်သူ ၇ ဦး၊ မြန်မာဘက်မှ ကျွမ်းကျင်သူ ၇ ဦးတို့ ပါဝင်သော စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ပညာရှင်အကဲဖြတ်အဖွဲ့က လက်ရာအားလုံးကို အမှတ်ပေးခဲ့ကာ ပြိုင်ပွဲစည်းကမ်းများအတိုင်း ပထမဆု (၄) ဆု၊ ဒုတိယဆု (၁၀) ဆု၊ တတိယဆု (၁၅) ဆုနှင့် ထူးချွန်ဆု (၃၀) ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071