Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeInternationalတတိယသုံးလပတ်အတွင်း ကမ္ဘာ့စီးပွားရေးနှေးကွေးဟု IMF...

တတိယသုံးလပတ်အတွင်း ကမ္ဘာ့စီးပွားရေးနှေးကွေးဟု IMF ပြော

တတိယသုံးလပတ်အတွင်း ကမ္ဘာ့စီးပွားရေးနှေးကွေးဟု IMF ပြော

ဝါရှင်တန်၊စက်တင်ဘာ ၁၅

ဘေးထွက်ဆိုးကျိုးအန္တရာယ်များသည် ကမ္ဘာ့စီးပွားရေးအလားအလာကို ဆက်လက်လွှမ်းမိုးထားပြီး အချို့သောနိုင်ငံများသည် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုသို့ရောက်ရှိသွားနိုင်သော်လည်း ကမ္ဘာလုံးဆိုင်ရာဆုတ်ယုတ်မှုသည် ယခုထက်ပို၍ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ခြင်းရှိမရှိကိုမူ ပြောရန်စောလွန်းသည်ဟု IMF ၏ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ကြာသပတေးနေ့ကပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှု၊ထောက်ပံ့ဖြည့်တင်းမှုကွင်းဆက်ပြဿနာများနှင့် ပိုမိုတင်းကျပ်သော ဘဏ္ဍာရေးဈေးကွက်အခြေအနေများကြောင့် တတိယသုံးလပတ်တွင် အရှိန်အဟုန်ဖြင့်ဆုံးရှုံးမှုကိုညွှန်ပြနေသော်လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ယူဆချက်နှင့်ပတ်သက်၍နောက်ထပ်ပြန်လည်ပြင်ဆင်မှုအသေးစိတ်ကိုမူ ပြောကြားခြင်းမရှိသေးပေ။

ဇူလိုင်လက IMF ၏ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်းကို ၃ ဒသမ ၂ ရာခိုင်နှုန်းအဖြစ်ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွက်ကိုမူ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိလျှော့ချခဲ့သည်။ရှေ့လတွင် အလားအလာအသစ်ကိုထုတ်ပြန်မည်ဖြစ်သည်။

“ကျွန်တော်တို့သတ်မှတ်ထားတဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုဟာ အခုလပိုင်းတွေမှာပိုမိုပြင်းထန်လာပါတယ်” ဟု Rice က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ဆက်လက်၍ ကိုဗစ်ပိတ်ဆို့မှုနှင့် အိမ်ခြံမြေပြဿနာများသည် တရုတ်နိုင်ငံ၏စီးပွားရေးလုပ်ဆောင်မှုအပေါ်ဖိစီးနေချိန်တွင် ဒေါ်လာဈေးအားကောင်းနေသည့်အတွက် နိုင်ငံများစွာအပေါ်ဂယက်ရိုက်ခတ်မှုများရှိသည်ဟု၎င်းကဆိုသည်။

“ဘေးထွက်ဆိုးကျိုးအန္တရာယ်များသည် ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး မသေချာမရေရာမှုများစွာဖြင့် ဆက်လက်လွှမ်းမိုးနေသည်” ဟု ၎င်းကဆိုသည်။ “၂၀၂၃ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်ရမယ့်နိုင်ငံအချို့ကို ကျွန်တော်တို့မျှော်လင့်ထားပါတယ်၊ဒါပေမဲ့ ဒီအခြေအနေက ကမ္ဘာလုံးဆိုင်ရာဆုတ်ယုတ်ကျဆင်းမှု ဖြစ်မဖြစ်ပြောဖို့ကတော့စောလွန်းပါတယ်” ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

အာဖရိကတစ်တိုက်တည်းမှာပင် လွန်ခဲ့သည့်နှစ်နှစ်အတွင်းငတ်မွတ်မှုမှာ သုံးပုံတစ်ပုံအထိမြင့်တက်လာခဲ့ပြီး လူပေါင်း ၁၂၃ သန်းကိုထိခိုက်ခဲ့ကြောင်း မစ္စတာ Rice ကပြောကြားခဲ့သည်။“ဘယ်လိုပဲအမည်တပ်တပ် ဒီလူတွေအတွက်ကတော့ကြောက်စရာအခြေအနေပါပဲ” ဟုလည်း၎င်းကဆိုသည်။

Source -Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071