Wednesday, April 23, 2025

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...
HomeNewsLocal Newsတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံနေရသူများအား...

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံနေရသူများအား ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းခွင့်ပြု

နစက ဥက္ကဋ္ဌမှ ဇန်နဝါရီ ၄ ရက်(ယနေ့)တွင် အမိန့်အမှတ် (၂/၂၀၂၃) ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်အမိန့်အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေး ချမ်းစေရေးနှင့်လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေးရှု၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်း ထောင်/အချုပ်ထောင်/စခန်းအသီးသီး၌ ပြစ် ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဥ်းသူ များကိုသာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ၂၀၂၃ ခုနှစ်၊ဇန်နဝါ ရီ ၄ ရက်မတိုင်မီ လူသတ်မှု၊မုဒိမ်းမှု၊ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ် မှုများ၊မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အ ရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071