နိုဝင်ဘာ ၂၆ ရက် ညပိုင်းက တညင်းကုန်းဈေးအတွင်းဆိုင်ခန်းမီးလေ-ာင်မှု ဖြစ်စဉ်၌ အာမခံလျော်ကြေးငွေရရှိရန် အာမခံကုမ္ပဏီနှင့် ညှိနှိုင်းနေကြောင်း မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ စီမံခန့်ခွဲရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ညတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ တညင်းကုန်းလက်ကားဈေးကြီးအတွင်း မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။
ဈေးရုံအမှတ် (၃) (ကုန်မျိုးစုံကုန်ခြောက်နှင့်စားဖိုဆောင်သုံးဝလံပစ္စည်းများရောင်းဝယ်သည့်ဈေးရုံ ) မီးလေ-ာင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း (၇) ခန်း ပျ-က်ဆီးခဲ့ကြောင်း သိရသည်။
ဈေးဆိုင်အတွင်းရှိ ဈေးရောင်းချသူ၏ inverter မှ ဝိုင်ယာရှော့ဖြစ်ခြင်းကြောင့် မီးလေ-ာင်မှုစတင်ဖြစ်ပွားရခြင်းဖြစ်ပြီး ဆုံးရှုံးမှုအနည်ငယ်သာ ဖြစ်ခဲ့ကြောင်း သိရသည်။
တညင်းကုန်းဈေးအတွင်းရှိ မီးလေ-ာင်ကျွမ်းခဲ့သောဈေးရုံ (၃) အပါအဝင် ဈေးရုံများအားလုံးကို မီးအာမခံထားရှိပြီးဖြစ်သဖြင့် အာမခံပေးလျော်ငွေရရှိရန်အတွက်လည်း အာမခံကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်သည်။
အဆိုပါမီးလေ-ာင်ကျွမ်းမှုကြောင့် ပျ-က်ဆီးသွားသော ဆိုင်ခန်းများမှအပ ဈေးရုံအတွင်းရှိ ကျန်ဆိုင်ခန်းများမှာ နိုဝင်ဘာ ၂၇ ရက်နေ့ တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
မီးလေ-ာင်ကျွမ်းမှုကြောင့်ပျ-က်ဆီးဆုံးရှုံးသော အသေးစိတ်စာရင်းနှင့် အာမခံပေးလျော်ငွေရရှိမှုပမာဏများကိုသိရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။
ယခုကဲ့သို့ နောင်တွင် မဖြစ်ပွါးစေရန်အတွက် ဈေးအတွင်း မီးဘေးအန္တရာယ်ပညာပေးမှုများ ပိုမို ဆောင်ရွက်သွားမည့်အပြင် မီးအန္တရာယ်နှင့်ပတ်သက်၍ စည်းကမ်းများတင်းကြပ်ခြင်းဖြင့် အစုရှယ်ယာရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ မဆုံးရှုံးစေရန်နှင့် ဈေးသူဈေးသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – နိုဝင်ဘာ ၂၆ ရက်က တညင်းကုန်းစျေးတွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့် ဆိုင်ခန်းအချို့ကို တွေ့ရစဥ်(photo:MFSD)
