လသာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းသည် ယမန်နေ့ (နိုဝင်ဘာ ၈) ရက်က သူမ ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူပြီး မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြသည်။
ဒေါ်စန္ဒာမင်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌လည်း အနိုင်ရကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ဓာတ်ပုံ -EPA/ Daw SandarMin FB
