ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်စ ဧပြီလတွင် ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိက န်ဒေါ်လာ ၉ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ် အလားတူကာလတွင်လည်း အမေရိကန်ဒေါ် လာ ၉ သန်းကျော်ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်တင်ပို့မှုမရှိဘဲ ပုဂ္ဂလိကတင်ပို့မှု တစ်ခုတည်းသာရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။
လက်ရှိတွင်လည်း နေပြည်တော်၌ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၃) ရက်မှ (၁၂) ရက်အထိ ကျင်းပနေပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၄၀၀)၊ ကျောက်မျက် အတွဲပေါင်း (၁၆၀) နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၅၅၀) တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
