Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsLocal Newsတစ်လကျော်အတွင်း ရခိုင်ဒေသက ရေထွက်ကုန်...

တစ်လကျော်အတွင်း ရခိုင်ဒေသက ရေထွက်ကုန် ပစ္စည်းနဲ့တခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ခဲ့

(Unicode)

တစ်လကျော်အတွင်း ရခိုင်ဒေသက ရေထွက်ကုန် ပစ္စည်းနဲ့တခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ခဲ့

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေအပါအဝင် အခြားစက်မှုကုန်ချောပစ္စည်းတွေ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာ ၁၆ ရက်ကစပြီး နိုဝင်ဘာ ၂၇ ရက်အထိ တစ်လကျော်အတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

“နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ပို့တာပါ ရေ ထွက်ကုန်ပစ္စည်းကတော့အများဆုံးတင်ပို့ပေးနိုင်ခဲ့ပါတယ် လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချောတွေလည်းတင်ပို့နိုင်ခဲ့ပါတယ်”လို့ ရခိုင်ပြည်နယ်ကုန်သည်မျအသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အဓိကနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ စစ်တွေကုန်သွယ်ရေးစခန်းနဲ့မောင်တောကုန်သွယ်ရေးစခန်းတို့ကနေ တင်ပို့ခဲ့တာပါ။

ငါးမြစ်ချင်း၊ငါးခြောက်၊ကြက်သွန်နီ၊ဇီးယို၊ကွမ်း သီးတွေကို မြန်မာနိုင်ငံဖက်ကနေတင်ပို့ပြီး မီးဖိုချောင်းသုံးပစ္စည်းတွေ ပလက်စတစ်၊ရေတိုင်ကီနဲ့လူသုံးကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လည်တင်သွင်းပါတယ်။

“စစ်တွေနဲ့မောင်တောရဲ့ နဂို ကုန်သွယ်မှုလုပ်စဥ်ကလိုပဲ တစ်လကျော်လောက်မှာ ဒေါ်လာ ၅ သန်းကျော်ရှိခဲ့တယ် ပို့ကုန်များတယ် လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ နယ်စပ်စခန်းတွေထဲမှာ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကိုပို့တဲ့နယ်စပ်စခန်းက ပို့ကုန်အသာစီးရထားတဲ့ တစ်ခုတည်းသော နယ်စပ် စခန်းဖြစ်ပါတယ် ဒါကြောင့် ဒီကုန်သွယ်မှုကို မဖြစ်ဖြစ်အောင် ကုန်သွယ်မှုအဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားထားပါတယ် ဆက်ပြီးတော့လည်း ကုန်သွယ်မှုပိုတက်အောင်လုပ်မှာပါ” လို့ ဥက္ကဌ ဦးတင်အောင်ဦးကဆက်ပြောပါတယ်။

photo-ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း

(Zawgyi)

တစ္လေက်ာ္အတြင္း ရခိုင္ေဒသက ေရထြက္ကုန္ ပစၥည္းနဲ႔တျခားကုန္ပစၥည္း အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္ဖိုး ဘဂၤလားေဒ့ရွ္ကို တင္ပို႔နိုင္ခဲ့

ရခိုင္ျပည္နယ္ကထြက္ရွိတဲ့ ေရထြက္ကုန္ပစၥည္းေတြအပါအဝင္ အျခားစက္မွုကုန္ေခ်ာပစၥည္းေတြ လယ္ယာထြက္ကုန္ပစၥည္းေတြ ဘဂၤလားေဒ့ရွ္နိုင္ငံကို ေအာက္တိုဘာ ၁၆ ရက္ကစၿပီး နိုဝင္ဘာ ၂၇ ရက္အထိ တစ္လေက်ာ္အတြင္း အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္တင္ပို႔နိုင္ခဲ့တယ္လို႔ သိရပါတယ္။

“နယ္စပ္ကုန္သြယ္ေရးနည္းလမ္းနဲ႔ပို႔တာပါ ေရ ထြက္ကုန္ပစၥည္းကေတာ့အမ်ားဆုံးတင္ပို႔ေပးနိုင္ခဲ့ပါတယ္ လယ္ယာထြက္ကုန္နဲ႔ စက္မွုကုန္ေခ်ာေတြလည္းတင္ပို႔နိုင္ခဲ့ပါတယ္”လို႔ ရခိုင္ျပည္နယ္ကုန္သည္မ်အသင္း ဥကၠ႒ဦးတင္ေအာင္ဦးကေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကို အဓိကနယ္စပ္ကုန္သြယ္ေရးစခန္းႏွစ္ခုျဖစ္တဲ့ စစ္ေတြကုန္သြယ္ေရးစခန္းနဲ႔ေမာင္ေတာကုန္သြယ္ေရးစခန္းတို႔ကေန တင္ပို႔ခဲ့တာပါ။

ငါးျမစ္ခ်င္း၊ငါးေျခာက္၊ၾကက္သြန္နီ၊ဇီးယို၊ကြမ္း သီးေတြကို ျမန္မာနိုင္ငံဖက္ကေနတင္ပို႔ၿပီး မီးဖိုေခ်ာင္းသုံးပစၥည္းေတြ ပလက္စတစ္၊ေရတိုင္ကီနဲ႔လူသုံးကုန္ပစၥည္းေတြကို ဘဂၤလားေဒ့ရွ္ဘက္ကေန ျပန္လည္တင္သြင္းပါတယ္။

“စစ္ေတြနဲ႔ေမာင္ေတာရဲ့ နဂို ကုန္သြယ္မွုလုပ္စဥ္ကလိုပဲ တစ္လေက်ာ္ေလာက္မွာ ေဒၚလာ ၅ သန္းေက်ာ္ရွိခဲ့တယ္ ပို႔ကုန္မ်ားတယ္ လက္ရွိမွာဆိုရင္ ျမန္မာနိုင္ငံမွာရွိတဲ့ နယ္စပ္စခန္းေတြထဲမွာ ရခိုင္ကေန ဘဂၤလားေဒ့ရွ္ကိုပို႔တဲ့နယ္စပ္စခန္းက ပို႔ကုန္အသာစီးရထားတဲ့ တစ္ခုတည္းေသာ နယ္စပ္ စခန္းျဖစ္ပါတယ္ ဒါေၾကာင့္ ဒီကုန္သြယ္မွုကို မျဖစ္ျဖစ္ေအာင္ ကုန္သြယ္မွုအဆင္ေျပေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားထားပါတယ္ ဆက္ၿပီးေတာ့လည္း ကုန္သြယ္မွုပိုတက္ေအာင္လုပ္မွာပါ” လို႔ ဥကၠဌ ဦးတင္ေအာင္ဦးကဆက္ေျပာပါတယ္။

photo-ရခိုင္ျပည္နယ္ ကုန္သည္မ်ားႏွင့္စက္မွုလက္မွုလုပ္ငန္းရွင္မ်ား အသင္း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071