ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ပြီး တစ်ရက်လျှင် ပိဿာ (၅၀) တစ်ယောက်လျှင် တစ်ကျပ်သား ( ၅၉၈၀၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချပေးမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
Facebook Page ပေါ်တွင် ပြန့်နှံ့နေသည့် သတင်းအတုတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းများ ၊ ရွှေဆိုင်များနှင့် Online ဖြင့် ရွှေရောင်းဝယ်သူများအားလုံးအနေဖြင့် ရောင်းဝယ်သူများအားလုံး သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရောင်းချရန် အကြိမ်ကြိမ်သတိပေးသော်လည်း ပျက်ကွက်မှုများ ရှိနေကြောင်း ရှောင်တခင်စစ်ဆေးရာတွင် တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဒီဇင်ဘာ (၁)ရက်နေ့မှ စတင်ပီး သတ်မှတ် ရွှေဈေးနှုန်း ၁ကျပ်သား ( ၆.၃၂၉၃၂၅ ဂရမ် ) ဈေးနှုန်း(၅,၉၈ဝ,ဝဝဝ) ကျပ်ဖြင့် အသင်း တင် တစ်ရက်လျှင် ပိဿာ ၅၀ နှုန်းဖြင့် လာရောက်သည့်မည်သူမဆို တစ်ယောက်လျှင် တစ်ကျပ်သား ဝယ်ယူနိုင်အောင် ညွှန်ကြားထားပီးဖြစ်သည်ဟုဆိုသည်။
ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်အားဖွင့်လှစ်ခြင်း၊သတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချခြင်းနှင့် လိုအပ်သည့် လိုင်စင်များကိုလည်း လျှောက်ထားဆောင်ရွက်ပေးပါရန် အသိပေးထားကြောင်း အဆိုပါကြေညာချက်အတုတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာဌာနများမှ လာရောက် စစ်ဆေးသည့်အခါတွင်လည်း ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင် သိပေးအပ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် အထူးကျေးဇူးတင်ပါသည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်သည် သတင်းအမှားသာဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
