ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊မေလတွင် (၅၂) စင်း၊ ဇွန်လတွင် (၅၀) စင်း၊ ဇူလိုင်လတွင် (၅၀) စင်း၊ ဩဂုတ်လတွင် (၅၀) စင်း၊ စက်တင်ဘာလတွင် (၅၅) စင်း ၊ အောက်တိုဘာလတွင် (၅၂)စင်း၊ နိုဝင်ဘာလတွင် (၅၇) စင်း၊ ဒီဇင်ဘာလတွင် (၆၀) ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၂) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။