ကန်ဘရာ၊ နိုဝင်ဘာ ၁၀
နေ့စဉ် ကော်ဖီတစ်ခွက်သောက်ခြင်းသည် နှလုံးဖေါက်ခြင်း၊ လေဖြတ်ခြင်းနှင့် အချိန်မတိုင်မီ ေ-သဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည့် နှလုံးခုန် မမှန်ခြင်း (အေအက်ဖ်) ကို ကာကွယ်ပေးနိုင်သည်ဟု လေ့လာမှုတစ်ခုက တွေ့ရှိခဲ့သည်။
လေ့လာမှုကို အမေရိကန်ပြည်ထောင်စုရှိကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကို တက္ကသိုလ်နှင့် ပူးတွဲဦးဆောင်သည့် သြစတြေးလျနိုင်ငံ အက်ဒယ်လ်လိုဒ် တက္ကသိုလ်မှ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သုတေသီများက ကော်ဖီတွင် နှလုံးကျန်းမာရေးအတွက် အံ့အားသင့်ဖွယ်ကောင်းသော မဟာမိတ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကော်ဖီနှင့် နှလုံးခုန် မမှန်ခြင်းအကြား ဆက်စပ်မှုကို ကြည့်ရှု လေ့လာသည့်ပထမဆုံး ကျပန်းလက်တွေ့ စမ်းသပ်မှုတွင် သိပ္ပံပညာရှင်များက တစ်နေ့ ကော်ဖီတစ်ခွက် သို့မဟုတ် အက်စ်ပရက်ဆို ကော်ဖီတစ်ခွက်သောက်သော အေအက်ဖ် လူနာများသည် ကော်ဖီကို လုံးဝရှောင်ကြဉ်သူများထက် နှလုံးခုန် မမှန်သော ဖြစ်စဉ် ဖြစ်နိုင်ခြေသည် ၃၉ ရာခိုင်နှုန်း လျော့ကျကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်ဖီသည် နှလုံးခုန် မမှန်ခြင်းကို ပိုဆိုးစေသည်ဟု ဆရာဝန်များနှင့် လူနာများက ယူဆထားကြရာ ယခု တွေ့ရှိချက်မှာ အံ့သြစရာဖြစ်သည် ဟု အဓိက သုတေသီဖြစ်သူ အက်ဒယ်လ်လိုက် တက္ကသိုလ်နှင့် တော်ဝင်အက်ဒယ်လ်လိုက်ဆေးရုံမှ ပါမောက္ခ ခရစ်စတိုဖာ ဝေါင် က ပြောကြားခဲ့သည်။
“ဒီရလဒ်တွေအရ နှလုံးခုန် မမှန်တဲ့ ကော်ဖီသောက်တတ်တဲ့ လူနာတွေဟာ ကော်ဖီကို ဘေးကင်းကင်းနဲ့ သောက်လို့ရပါပြီ။ ဒါ့အပြင် ကော်ဖီမသောက်တဲ့ အေအက်ဖ်ဝေဒနာရှင်တွေကရော ကော်ဖီ သောက်ရမလား ဆိုတာကို လည်း သုတေသနပြု စမ်းသပ်ထိုက် ပါတယ်” ဟု ဝေါင် က ဆိုသည်။
နှလုံးခုန် မမှန်ခြင်း သည် သွေးခဲခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သော အန္တရာယ်ရှိသည်။
“ကော်ဖီသည် ကိုယ်လက်လှုပ်ရှားမှုကို တိုးစေသဖြင့် သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပြီး နှလုံးခုန် မမှန်ခြင်း အန္တရာယ်ကို လျှော့ချပေးနိုင်သည်” ဟု နှလုံးရောဂါကု သမားတော်ကြီးပါမောက္ခ ဂရက်ဂရီ မာကတ်စ် က ပြောကြားခဲ့သည်။
ကော်ဖီတွင်ပါသော အခြားပါဝင်ပစ္စည်းများသည် လည်း အရောင်ကျစေသည့် ဂုဏ်သတ္တိများရှိသဖြင့် အပြုသဘောဆောင်သော အာနိသင်များ ရှိသဖြင့် လေ့လာမှုအရ လူနာများကို ပေးနေသော အကြံဉာဏ်များကို ပြောင်းလဲသင့်သည်ဟု မာကပ်စ်က ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
