Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsတစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ စုံတွဲသီဆိုမယ့်...

တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ စုံတွဲသီဆိုမယ့် အဆိုတော် တစ်ယောက်ရဲ့ နာမည်ကို လျှို့ဝှက်ထားတဲ့ မေခလာ

May

မေခလာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်နဲ့ မန္တလေးမှာကျင်းပသွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ စက်တင်ဘာလ ၃ဝရက်နေ့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေးမှာတော့ အောက်တိုဘာလ ၇ရက် နေ့မှာ ပြုလုပ် မှာပါ။ ဒီတစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ သီဆိုမယ့်သီချင်းတွေကိုလည်း အခုအချိန်မှာ ရွေးချယ်နေပြီဖြစ်ပြီး သီချင်းတွေက များလွန်းနေတဲ့အတွက် ရွေးချယ်ရခက်နေကြောင်းလည်း မေခလာက ပြောပါတယ်။

“ဒါကြောင့်အစ်မရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုရွေးခိုင်းမယ်။သူတို့ရဲ့နားမှာ ဘယ်သီချင်းကိုပိုကြိုက်လဲပေါ့။ ဘာကြောင့်လဲဆိုတော့ သီချင်းတွေက များလို့လေ။ ဒါကြောင့်ဒီပွဲကို အစ်မအနေနဲ့ အား သွန်ခွန် စိုက်ကြိုးစားထားသလို ပရိသတ်ရဲ့ စေတနာကိုလည်း အလေးထားပါတယ်။ ပရိသတ်တွေက ဒီနေ့အထိ အစ်မကို အားပေးနေတယ်လို့ယုံကြည်တယ်။ ဒါကြောင့် ဒီပွဲကအောင်မြင်မယ့်ပွဲ၊ပျော်စရာကောင်းမယ့်ပွဲလို့အစ်မအနေနဲ့ယုံကြည်ထားပါတယ်” လို့ ပွဲနဲ့ ပတ်သက်ပြီး မေခလာက ပြောပါတယ်။ ဒီပွဲကိုတော့ စီစဉ်ထားတာ ၃လ၊ ၄လလောက်ရှိပြီ လည်းဖြစ်ပါတယ်။ မေခလာက တစ်ဦးတည်း အနေနဲ့ သီချင်းအပုဒ် ရေ ၃ဝနီးပါး လောက်ဖျော်ဖြေသွားမှာဖြစ်သလို အမျိုး သားအဆိုတော်၎ ယောက်နဲ့လည်း စုံတွဲသီချင်းတွေဖျော်ဖြေဦး မှာဖြစ်ပါ တယ်။ ဒီ ၄ ယောက်ကတော့ အောင်ထက်၊ စောလားထော် ဝါး၊ သားငယ်တို့ပဲဖြစ်ပြီး နောက်ထပ်တစ်ယောက်ကိုတော့လျှို့ ဝှက်ထားဦးမယ်လို့ မေခလာက ပြောပါတယ်။

“အစ်မအနေနဲ့ ဒီလိုပွဲမျိုးကို တစ်နှစ်ကို ၃ပွဲ၊၄ပွဲ လည်း မလုပ်ပါဘူး။ တစ်နှစ်ကို တစ်ပွဲလည်းလုပ်ချင်မှလုပ်မယ်။ ၃နှစ်မှတစ်ကြိမ်လုပ်ချင်မှလုပ်တယ်။ အဲဒီတော့ ပရိသတ်တွေ အတွက် ထူးခြားတာလေးတွေ ပါသလို ရယ်စရာ၊ ပျော်စရာလေးတွေ လည်း ပါပါတယ်။ စုံတွဲသီချင်းလေးတွေပါသလို အစ်မအနေနဲ့ Perform လေးတွေ လုပ်ထားတာတွေလည်း အများကြီးပါ။ အစ်မပွဲကို ကြည့်ခြင်းအားဖြင့် ပရိသတ်တွေပျော်သွား ရမယ်။ စိတ်ကျေနပ် သွားရမယ်။ ခွန်အားဖြစ်စေမယ်။အသိလေး တွေလည်း ရသွားနိုင်ပါတယ်။ ဘာကြောင့် လဲဆို တော့ အစ်မတို့ လူ့လောက ကြီးက တအားကိုပင်ပန်းပါတယ်။ တစ်နေ့တစ်နေ့ စားဝတ်နေ ရေးရုန်းကန်ရတာနဲ့ အလုပ်တွေလုပ် ရတာနဲ့ တအားဖိအား တွေများတယ်။ ဒါကြောင့်အစ်မပွဲကို လာသောအားဖြင့် အားလုံး ပျော်သွားစေရမယ်။ ပရိသတ်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်”လို့ မေခလာကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071