Saturday, May 24, 2025

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...
HomeCelebrities' Newsတစ်ကိုယ်တော် စီးရီးခွေတွေ ထွက်ရှိတော့မှာမဟုတ်တဲ့အဆိုတော်နေနေ 

တစ်ကိုယ်တော် စီးရီးခွေတွေ ထွက်ရှိတော့မှာမဟုတ်တဲ့အဆိုတော်နေနေ 

အသံစူးစူးလေးနဲ့ ပရိသတ်ရဲ့ စိတ်နှလုံးကို အမြဲတမ်းဆွဲဆောင်နေတဲ့ အဆိုတော်နေနေက လတ်တ လောမှာတော့ သီချင်းခွေတွေထွက် ဖို့အစီအစဉ်တွေ လုံးဝမရှိတော့ဘဲ သီချင်းတစ်ပုဒ်ချင်းစီကိုပဲ အွန်လိုင်း ပေါ်ကနေ ပရိသတ်တွေအတွက် တင်ပေးဖို့ရှိပါတယ်လို့ သူမက အခုလိုပြောပြပါတယ်။

“အစ်မဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတစ်ပုဒ် ထွက်ထားပါတယ်။ မုန်းတဲ့ အချစ်ဆိုပြီးတော့ အွန်လိုင်းပေါ်မှာ ဖြန့်ထား ပါတယ်။ music arrange အစ်မရဲ့ ခဲအို ကိုဝိုင်း အောင်ပါ။ အစ်မအခု နောက်ပိုင်း အွန်လိုင်းမှာပဲ သီချင်း တွေ တင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အစ်မတစ်ကိုယ်တော်စီးရီးခွေထွက်ရှိဖို့ အစီအစဉ်မရှိတော့ဘူး။ စီးရီးခွေလည်း မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်ကြီးမှာ ဘယ်အဆိုတော်မှ လည်း စီးရီးခွေတွေကို သိပ်မထုတ်တော့ဘူး။ စပွန်ဆာကောင်းကောင်း ရှိရင်ရှိ၊ မရှိရင် တော့ ကိုယ့်ဘာသာကိုယ်လုပ်ဖို့ဆိုတာ အကုန်ခဲယဉ်းသွားပြီ။ တချို့ ကျတော့လည်း စီဒီတွေထွက်တာ များတယ်။ ထုတ်နိုင်တဲ့သူတွေက လည်း စီဒီရော၊ ဗွီစီဒီရော ထုတ်ကြပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ ဗွီစီဒီက ပိုက်ဆံအကုန်ခံနိုင်မှ ရမှာဆိုတော့ အဲဒါတွေနဲ့ပတ်သက်ပြီး မပြော ချင်တော့ဘူး။ ကိုယ့်ဘာသာ အကောင်းဆုံးလုပ်ဖို့ပဲ စဉ်းစားထားပါတယ်”လို့ နေနေက ပြောပါတယ်။

အနုပညာလောကထဲကို ချမ်း ချမ်း၊ နေနေဆို ပြီး ညီအစ်မနှစ်ယောက်အတူတူ ဝင်ရောက်လာတဲ့ အချိန်မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ညီအစ်မနှစ်ယောက် တွေ့ဆုံတဲ့ အချိန်မှာလည်း သီချင်းတွေ ဖန်တီးတာနဲ့ပတ်သက်ပြီး တိုင်ပင်ဖြစ် လားလို့ မေးကြည့်တဲ့အခါမှာတော့ နေနေက “သူနဲ့နှစ်ယောက် ချင်းတွေ့ဆုံဖြစ်ရင် အဲဒီလိုမျိုး သီချင်းအကြောင်းတွေ မပြောဖြစ် ဘူး။ မိသားစုအကြောင်းတွေ၊ အလှအပအကြောင်းတွေပဲ ပြောဖြစ်တယ် (ရယ်လျက်)။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း သူအနုပညာလမ်း ကြောင်းထဲ ရောက်ရှိလာတဲ့ချိန်မှာ သူက အိမ်မှာတူတူမနေတော့ဘူး။ သူ့ဘာသာသူ အိမ်ငှားနေတာဆို တော့မတွေ့ဖြစ်ကြဘူး။ သူကတော်ပါတယ်။ ငယ်ငယ်လေး ကတည်းကလည်း သွက်သွက်လက်လက်နဲ့ အမြဲတမ်း ရှေ့ကပဲ။ သူက အငယ်ဆုံး ဆိုပေမယ့် အားလုံးထဲမှာ ကိစ္စတစ်ခု ခုဖြစ်ရင် သူကအစ်မအကြီးအတိုင်း ပဲ။ အလွန်သွက်လက်ပြီးတော့ အမြဲ တမ်းတက်ြ<ွကနေတယ်”လို့ ပြောပါ တယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071