Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsတစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီဖြစ်တဲ့...

တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ အိမ့်ချစ်

Eaint-Chit

အဆိုတော်မလေး အိမ့်ချစ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တို့မှာ ကျင်းပတဲ့ 1st Celebrity Product အရောင်းပြပွဲမှာသူမ ရဲ့ Emily by Eaint Chit Brand အဝတ်အထည်များကို ပါဝင်ရောင်းချခဲ့ပါတယ်။အိမ့်ချစ်က ဈေးရောင်းပွဲတော် တချို့မှာလည်း သူမရဲ့ အဝတ်အထည် ဒီဇိုင်းတွေကို ပါဝင်ရောင်းချဖူးပြီး 1st Celebrity Prouduct  ပွဲမှာ ရောင်းချဖြစ်တဲ့ အတွေ့အကြုံကို တော့…

“ဒီပွဲကတော့ Discount ပွဲလည်း ဖြစ်တာကြောင့် ညီမ Brand တွေကို ဈေးလျှော့ပြီး ရောင်းပါတယ်။ ဒီပွဲ မှာတော့ ပရိသတ် တွေလည်းလာကြတဲ့ အခါ ဈေးလည်း ရောင်းရင်း သူတို့နဲ့လည်း ဓာတ်ပုံတွေ တူတူတွဲရိုက်ကြဆို တော့ ပျော်စရာကောင်းပါ တယ်” လို့ အိမ့်ချစ်က   ပြောပါ တယ်။အိမ့်ချစ်က သူမရဲ့ ပထမဆုံး One Lady Show ကိုတော့ တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာလ ၃ ရက်နေ့)မှာ ပြုလုပ်မှာ ဖြစ်ပြီး ဒီပွဲကြီးအတွက် လည်း အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြု လုပ်နေပြီလို့ သိရပါ တယ်။

“ညီမရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော် ဖြေပွဲကို တန်ဆောင်မုန်း လပြည့်နေ့ည မျှော်စင် ကျွန်းမှာ ကျင်းပမှာ ဖြစ်ပါ တယ်။ တီးဝိုင်း ကတော့ Hi-Bird နဲ့ ပါ။Featuring တွေလည်း အများကြီး ပါမှာပါ။ အဲဒီပွဲမှာတော့ ညီမသီချင်း အပုဒ်၂၅ ပုဒ် နဲ့ ၃ဝကြားသီဆိုဖို့ ပြင် ဆင်ထားပါတယ်”လို့ အိမ့်ချစ်က ပြောပါတယ်။အိမ့်ချစ်က သူမရဲ့ တတိယစီးရီး ‘အောင်မြင်မှု နောက်ကွယ်ရဲ့’ Music Video ကိုလည်း ရိုက်ကူးနေပြီ ဖြစ်ပြီး ဒီကြားကာလမှာတော့ အဆိုတော် ဟဲလေး နဲ့အတူ တွဲဖက်ကာ စုံတွဲစီးရီးတစ်ခွေ ထွက် ရှိလာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ
ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071