Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' Newsတစ်ကိုယ်တော်အခွေကို မကြာခင်မှာ ပရိသတ်လက်ထဲ...

တစ်ကိုယ်တော်အခွေကို မကြာခင်မှာ ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ့် အစ္စဏီ

Isani-(2)

အချစ်သီချင်းလေးတွေနဲ့ ပရိသတ်သိခဲ့၊ လက်ခံအားပေးခဲ့တဲ့ အဆိုတော် အစ္စဏီက အရင်တုန်း ကလို အဆိုတော်တွေစုစုစည်းစည်းနဲ့ အတွဲခွေလေးတွေများစွာ ပေါ်ထွက် လာဖို့ ပရိုဂျူဆာတွေကို တိုက် တွန်းနေပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး အစ္စဏီက….

“အတွဲခွေတွေမှာ ပါဖို့ရှိ တယ်ဗျ။ ကျွန်တော် ပြောထားတာ ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အရင်တုန်းကလို အချစ် သီချင်းကောင်းကောင်းလေးတွေ ရှိတယ်ဗျာ။ အခွေလေး တွေထွက် ကြတယ်။ ၁ဝစက္ကန့်တို့လိုမျိုး အများ ကြီးပဲ။ နောက် ပိုင်းမှာ အဲဒီလို အခွေလေးတွေအရမ်းရှားသွားပြီ။ အဲဒါ ကြောင့် ကျွန်တော်လည်း ပရိုဂျူဆာတွေတွေ့ရင် အမြဲတိုက် တွန်းတယ်။ သီချင်းအသစ်လေးတွေကို တကယ့်ကို အဆို တော်တွေ စုစုစည်းစည်းနဲ့ ပရိသတ်တွေလက်ထဲ ကိုချပြချင် ပါတယ်။ အဲဒီအတွက်ကို စိတ်ဝင်စားလို့ရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။ အကုန်လုံးကိုတော့ ပြောထားတာပဲ။ အတွဲ ခွေတွေမှာ ကျွန်တော်လည်း အချစ်သီချင်းကောင်းကောင်းလေးတွေ ဆိုဖို့ရှိပါတယ်”လို့ပြောပါတယ်။ တစ်ကိုယ်တော်အခွေထွက်မယ်၊ ထွက်မယ်နဲ့ ထွက်မလာသေးတဲ့ အစ္စဏီကို သူ့အခွေအကြောင်းကို လည်း မေးဖြစ်တဲ့အခါ…

“တစ်ကိုယ်တော်အခွေကလည်း ကြာနေပါပြီ။ ကျွန်တော် သီချင်းတွေကို သေသေချာချာလုပ်နေပြီးတော့ တချို့သီချင်းတွေ ဆိုရင် မကြိုက်တာတွေကို ဖြုတ်ပစ်တယ်။ သီချင်းတွေ ထပ်လုပ် နေရတဲ့အတွက် အချိန်လေးနည်းနည်းကြာသွားတာပေါ့။ အခု ဒီကြားထဲမှာ မရရအောင်လို့ ကျွန်တော် သီချင်းလေးတွေ ထွက် နိုင်အောင်ကြိုးစားနေပါတယ်။ ကျွန်တော် Immortal နဲ့ တီးထားပါတယ်။ Oxygen နဲ့ တီးထားပါတယ်။ မကြာခင်မှာ ပရိသတ်တွေလက်ထဲကို အရောက်ပို့ပါမယ်။ အဲဒါတော့ စိတ်ချ ပါ”လို့ အစ္စဏီကပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071