Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeCelebrities' Newsတစ်ကားနဲ့တစ်ကား အိုက်တင် မထပ်အောင်...

တစ်ကားနဲ့တစ်ကား အိုက်တင် မထပ်အောင် ကြိုးစားနေပါတယ် အိချောပို

အိချောပိုနဲ့ မြင့်မြတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘အမည်ပေါက်နှင့်ကျူး’ ဒရာမာရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁ဝ ရက်နေ့ကစပြီး ရုံတင်ပြသနေပြီး ပရိသတ်တွေနဲ့တွေ့ဆုံ အမှတ်တရလက်မှတ်ရေးထိုးပွဲကိုလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုကို ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့ ပတ္တာမြားဆိုတဲ့ကောင်မလေးရဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အိချောပိုက…

”အိချောတို့ တကယ့်ကျူးကျော် ရပ်ကွက်မှာသွားရိုက်ကူးရတယ်။ အဖွဲ့သားတွေ အားလုံးလည်း ကြိုးကြိုးစားစားနဲ့ကို သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားလေး အတွက် အိချောကိုလာငှားကတည်းက အိချောဇာတ်ကလေးကိုကြိုက်လို့ လက်ခံဖြစ်လိုက်တာပါ။ ဇာတ်လမ်းလည်းကောင်းတယ် ။ကိုယ့်အတွက်လည်း လုပ်ကွက် လေးရှိတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အိချောက ဆံပင်အရှည်လေးနဲ့ ပြောရမယ့် ဒိုင်ယာလော့တွေ ပါမယ်ဆိုတော့ ဆံပင်အရှည်ဆက်လိုက်တယ်။ အဝတ်စား ပိုင်းကတော့ သဘာဝဆန်ဆန်လေးပဲပြင်ထားပါတယ်”လို့ ပြောပြပါတယ်။ အခုလက်ရှိမှာတော့ အိချောပိုရဲ့ ရုပ်ရှင်ဇာတ်ကား ၄ကား ၅ကား လောက် ရုံတင်ပြသခဲ့ပြီးပြီ ဖြစ်သလို နောက်ထပ်လည်း ရုံတင်ပြသလာမယ့် ရုပ်ရှင်ဇာတ်ကားတွေရှိနေသေးကြောင်းလည်း အိချောပိုက ပြောပါတယ်။

”နောက်ထပ်လည်း အိချောရဲ့ ဇာတ်ကားတွေ ရုံတင်ပြသလာဖို့ရှိပါသေးတယ်။တစ်ချို့ ဇာတ်ကားလေးတွေဆို လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ် လောက်ကတည်းက ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးတွေပါ။ နှစ်စတုန်းက ရုံမတင်ရဘဲ အခုနောက်ပိုင်းမှ တောက်လျှောက် ရုံတင်လာသလိုဖြစ်နေတယ်။ အိချောလည်း တစ်ကားနဲ့တစ်ကား အိုက်တင်တွေ မထပ်အောင် အကောင်းဆုံးကြိုးစားထားပါတယ်။ ပရီသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ဇာတ်ကားတွေ ဖြစ်မယ်လို့လည်း အိချောယုံပါတယ်”လို့ ပြောပါတယ်။

သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်ပြသလာတဲ့အတွက် ဝမ်းသာပျော်ရွှင်ရပါတယ်လို့ ပြောပါတယ်။ ရုံတင်ပြသလာတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုရရှိဖို့ မျော်မှန်းတာမျိုးရှိလားဆိုတော့ အိချောပိုက…

”အိချောကတော့ ကိုယ်ရိုက်ကူးရတဲ့ ဘယ်ဇာတ်ကားမဆို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ပါတယ်။ အကယ်ဒမီအတွက်ဆိုတာကတော့ ကိုယ့်ရဲ့ ကြိုးစားမှုပဲလေ။ အဲဒီအတွက် ကိုယ်လုပ်ဆောင်ရတဲ့ အရာအပေါ်ကိုပဲ အကောင်းဆုံး သရုပ်ဆောင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အခုလတ်တလောမှာတော့ အိချောပိုက ဒါရိုက်တာ နေပိုင် ရိုက်ကူးနေတဲ့ ”ဒယ်ဒီဖားကင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်နဲ့အတူ ကလောမြို့မှာ သွားရောက် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071