Thursday, March 20, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့်...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ...
HomeCelebrities' Newsတက္ကသိုလ်ကျောင်းသူဘဝကို ပြန်လည်လွမ်းဆွတ်ရင်း အတိတ်ကာလများဆီ...

တက္ကသိုလ်ကျောင်းသူဘဝကို ပြန်လည်လွမ်းဆွတ်ရင်း အတိတ်ကာလများဆီ အလည်သွားခဲ့တဲ့ ပိုပို

ppuni

ပြည်ပ နိုင်ငံတွေမှာတော့မသိ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ရတဲ့ အခိုက်အတန့်၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘဝကိုခံယူရတဲ့ အခိုက်အတန့်ဟာ ခံစား ချက်မျိုးစုံနဲ့ ပြန်တွေးလိုက်တိုင်းလွမ်းစရာတွေနဲ့ ပြည့်နှက်စေပါတယ်။ အရင်ခေတ်တုန်းကတော့ ရန်ကုန်တက္ကသိုလ်၊ မိန်းထဲမှာပေါ့။ သူတို့ခေတ်က ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ လွမ်းမောစရာအဖြစ် အပျက်တွေကို စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကနေ တစ်ဆင့်ထိသိခံစားခဲ့ရတယ်။ ဒီဘက်နောက်ပိုင်း အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ် ကာလများဆီမှာ မွေးဖွား ခဲ့ကြတဲ့ ကလေးတွေကတော့ ရန်ကုန်မြို့မှာဆို ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (လှိုင်သာယာ၊ မှော်ဘီ၊ သန်လျင်)၊ ကွန်ပျူတာတက္ကသိုလ် အစရှိသဖြင့် မိမိတို့နဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ပညာသင်ကြားကြရတယ်။ နေရာ ဒေသတွေ ကွဲပြားနေပါစေ၊ တက္ကသိုလ်ဟာ တက္ကသိုလ်ပါပဲ။ လူငယ်တို့ရဲ့ သစ်လွင် လတ်ဆတ်ခြင်းတွေနဲ့ တစ်သက်မှာတစ်ခါ
(နောင်ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့) ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ပေးစွမ်းပေးရာ နေရာဌာနကြီးတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ယောက်အဖြစ် သူမဘဝမှာ မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝအစက..

” တက္ကသိုလ်ကျောင်းတက်တဲ့ အချိန်မှာ ဘဝကို အသစ်စလိုက်သလို ခံစားရတယ်။ ပိုပိုကျောင်းစတက်တဲ့ အချိန်မှာ ကိုယ့်ဘာသာကိုယ် ထမင်း ချက်သွားရတယ်။ တကယ်လို့ မမီရင်လည်း ဘယ်သူ့မှ မချက်ကျွေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ထမင်းချိုင့် မပါဘဲနဲ့သွားရတာပေါ့။ ဘေးက သူငယ်ချင်းဆီကနေ ဗိုက်ဆာရင် ယူစားရတာပေါ့။ သူငယ်ချင်းတွေ တစ်ဖွဲ့လုံးမှာ ဆယ့်နှစ်ယောက်လောက်ရှိတယ်။ စကြ၊ နောက်ကြ၊ ပြောင်ကြနဲ့ တအားကို ပျော်ဖို့ကောင်းခဲ့ပါတယ်။ အဲဒါက ပိုပို့ရဲ့ တက္ကသိုလ်ပထမနှစ် အစပေါ့။ ပိုပိုက Zoology Major ပါ” လို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းသူ ဘဝအပေါ် သူမရဲ့အမြင်က..

ppuni2

” တက္ကသိုလ်ကျောင်းက နွေးထွေးတယ်။ ပညာတွေတင်မကဘူး။ ပိုပိုတို့အသိတရားတွေ အများကြီးရတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို တအား ကြိုက်တယ်” လို့ ပိုပိုက ပြောပါတယ်။ ဆက်လက်ပြီး သူမပြောပြတာက..

” ပိုပို ပထမတစ်နှစ် ကျောင်းတက်ပြီးတဲ့အချိန်မှာ ဥပဒေဘာသာရပ်နဲ့ အဝေးသင်ပြောင်းတက်လိုက်ရတယ်။ Day ဆိုတာက အိမ်ကမိဘတွေက အဆင်သင့်မုန့်ဖိုးပေးလိုက်တယ်။ ထမင်းချိုင့် အဆင်သင့်ထည့် ပေးတယ်။ Day တက်တဲ့သူတွေက ကြော့ကြော့လေးပေါ့နော်။ ပိုပိုကကျတော့ ခြေထောက် နှစ်ဖက်လုံးဖြတ်ထားတဲ့ အဘွားကိုပြုစုရတဲ့ အနေအထားတစ်ခု နဲ့ မုန့်ဖိုးပေးမယ့်၊ ထမင်းချိုင့်ထည့်ပေးမယ့် မိဘဆိုတာမရှိဘူး။ ကျောင်း ထားပေးတဲ့ အဘွားကလည်း ကောင်းကောင်းမလုပ်ပေးနိုင်တဲ့အတွက် ပိုပို ဒုတိယနှစ်မှာ ဥပဒေအဝေးသင်ပြောင်းလိုက်တာပါ” လို့ဆိုပါတယ်။ အဲဒီကာလမှာ ငွေကြေးအဆင်မပြေမှုတွေ၊ အားနည်းမှုတွေနဲ့ တစ်ဖက်ကလည်း ဂီတအလုပ်ကို ဦးစားပေးလုပ်နေတာကြောင့် ပိုပိုတစ်ယောက် တတိယနှစ် (ဥပဒေအထူးပြု) နဲ့ အခုထက်ထိ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အဖြစ်ရှိနေဆဲပါပဲ။ သူမကတော့ “တစ်နေ့ ငါအဆိုတော်ဖြစ်ပြီး ပိုက်ဆံတွေရှိလာရင် ကိုယ်ပိုင်ကားလေးနဲ့ ကျောင်းပြန်တက်ဦးမယ်” လို့ ရိုးသားပွင့်လင်းစွာ ဖွင့်ဟထားပါတယ်။ တက္ကသိုလ်နဲ့ပတ်သက်လို့ သူမရင်ထဲထိတဲ့ အနုပညာတစ်ခုကတော့ ဆရာမခင်ခင်ထူးရဲ့ “ပန်းကြာဝတ်မှုံ” ဝတ္ထုပါတဲ့။ ပိုပို့ရဲ့ ပရိသတ်တွေထဲမှာလည်း တက္ကသိုလ်တက်တဲ့ ညီငယ်၊ ညီမငယ်တွေ ရှိနေတော့ သူတို့ကို အမှတ်တရစကား လေးပြောပေးပါလို့ ပြောတဲ့အခါ..

pp2

Day ပဲဖြစ်ဖြစ်၊ အဝေးသင်ပဲဖြစ်ဖြစ် တစ်နှစ်တစ်တန်းအောင်တာ အကောင်းဆုံးပါပဲ။ ပြီးရင် ဘွဲ့ယူကြပေါ့။ တချို့တွေကျတော့လည်း မေဂျာမှာ ဂုဏ်ထူးတွေရပြီးတော့ တက္ကသိုလ် ဆရာ၊ ဆရာမတွေ ပြန်လုပ် တာလည်း ရှိတယ်လေ။ တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီဘဝလေးကို အပီအပြင်ခံစားပါလို့။ ကျောင်းပြီး သွားတဲ့အခါကျရင် လွမ်းပြီးတော့ ကျန်နေမှာပေါ့။ စာတွေကြိုးစားပါလို့လည်း ပြောချင်ပါတယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊ ဓာတ်ပုံ-မင်းမင်းထွန်း
မိတ်ကပ်- Gucci Aung ၊ ဝတ်စုံဒီဇိုင်း- ပုံ့ဟေခင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071