Tesla အကြီးအကဲ အီလွန်မတ်စ်ဟာ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ တွေ့ဆုံဆွေးနွေးပြီး တောင်အာရှဈေးကွက်ကိုဝင်ရောက်မယ့် အစီအစဉ်တွေကို ကြေညာဖို့ရှိနေတဲ့ သူ့ရဲ့ အိန္ဒိယနိုင်ငံ ခရီစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
“ကံအကြောင်းမလှစွာပဲ Tesla ရဲ့ ကြီးလေးတဲ့ တာဝန်တွေကြောင့် အိန္ဒိယခရီးစဉ်ကို ရွှေ့ဆိုင်းရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီနှစ် နှောင်းပိုင်းမှာ လာရောက်လည်ပတ်ဖို့ အတော်မျှော်လင့်ထားပါတယ်” လို့ လူမှုကွန်ရက် X ပေါ်မှာ Tesla စီအီးအိုက ပြောဆိုပါတယ်။
မတ်စ်ဟာ နောက်သီတင်းပတ်အစောပိုင်းမှာ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ခရီးစဉ်အတွင်း Skyroot Aerospace ရဲ့ ပူးတွဲတည်ထောင်သူ ပါဝမ် ချန်ဒါနာအပါအဝင် အိန္ဒိယရဲ့ အာကာသနည်းပညာ စတင်တည်ထောင်သူ ခေါင်းဆောင်များနဲ့ တွေ့ဆုံသွားဖို့ စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့စတုတ္ထမြောက် အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မတ်စ်ဟာ အိန္ဒိယမှာ ဒေါ်လာ ၂ ဘီလီယံကနေ ၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမယ့် အဓိကအားဖြင့် Tesla စက်ရုံသစ်တည်ဆောက်ရေး စီမံကိန်းကို ကြေညာသွားဖို့ မျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ ရိုက်တာနဲ့ Financial Times တို့က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။
Ref:ET,CNN