Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsတက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ E-sports ၊ ဂေါက်သီးရိုက်၊ အလေးမ၊ ရွက်လှေ၊ တက်ဂ်ဘော၊ မြင်းစီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ Rajamangla Auditorium Rajamangla University of Technology Thanyaburi ၌ ကျင်းပလျက်ရှိသည့် ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုး သမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။

မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲများ၊ ကရာတေးအားကစားနည်း အမျိုးသား၊ အမျိုး သမီး ၆၁၊ ၇၅၊ ၆၈ ကီလိုအောက် ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်အားကစားနည်း အမျိုးသားအသင်းလိုက် ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသား၊ အမျိုးသမီး အတိုက် -၅၇၊ -၆၂၊ -၆၃၊ -၇၄ ကီလိုတန်းပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း (Tunggal) အပြပြိုင်ပွဲနှင့် အမျိုးသား သုံးယောက်တွဲ အသင်းလိုက် (Regu) အပြပြိုင်ပွဲများ၊ ဝူရှူး အားကစားနည်း အမျိုးသား၊ အမျိုးသမီး ချန်းချွမ်၊ ထိုက်ချိချွမ်၊ အတွဲတိုက် (လက်နက်)၊ နန်းချွမ်၊ သောင်းစု၊ အတွဲတိုက် (လက်နက်မဲ့)၊ ဆန်းဆို ၆၅ နှင့် ၇၀ ကီလိုအတိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသားစနူကာအသင်းလိုက်ပြိုင်ပွဲနှင့် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲများ၊ ဘော်လီဘောအားကစားနည်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း အမျိုးသား Standard Style Kabaddi ပြိုင်ပွဲများ၊ ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများ၊ ဖူဆယ်အားကစားနည်း အမျိုးသမီးပြိုင်ပွဲ၊ ဘတ်စကက်ဘော အမျိုးသား ၅ ယောက်တွဲပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား၊ အမျိုးသမီး ၄၈၊ ၅၄၊ ၆၀ နှင့် ၇၅ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၉ ကီလိုတန်းပြိုင်ပွဲ၊ ကစ်ဘောင်ဆင် အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၆၃၊ -၅၀ ကီလိုတန်း Point Fighting ပြိုင်ပွဲ နှင့် -၅၁၊ -၄၈ ကီလိုတန်း Low Kick ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့ပြင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသားသံလုံးပစ်ပြိုင်ပွဲနှင့် မီတာ ၈၀၀ ပြိုင်ပွဲများ၊ E-sports အားကစားနည်း အမျိုးသားအသင်းလိုက် (MLBB) ပြိုင်ပွဲနှင့် FC Online Team ပြိုင်ပွဲများ၊ ဂေါက်သီးရို-က်အားကစားနည်း အမျိုးသားတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အလေးမအားကစားနည်း အမျိုးသမီး ၄၈ နှင့် ၅၃ ကီလိုတန်း ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး Girl’s Optimist ၊ Men’s IlCA7 ၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ တက်ဂ်ဘောအားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ၊ မြင်းစီးအားကစားနည်း အမျိုးသား (Dressage Test ၊ Jumping Test ၊ Country Test) တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071