Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsတက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းများကို နေပြည်တော်နှင့်...

တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာနများတွင် ထုတ်ပေးမည်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ရှိခဲ့သည့် ၂၀၂၃ ခုနှစ် အပါအဝင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများကို နေပြည်တော်ရှိ စာစစ်ဦးစီးဌာန(ရုံးချုပ်) နှင့် ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာန(ရုံးခွဲ)တို့တွင်သာ ထုတ်ပေး‌တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းများကို ထုတ်ပေးခြင်းမရှိသေးသော်လည်း ယခင်စာသင်နှစ်များက အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို ထုတ်ပေးလျက်ရှိကြောင်းနှင့် အမှတ်စာရင်းများကို ရုံးဖွင့်ရက်အတွင်း မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအထိ ကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း အသိပေးထားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာနအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒဿမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏စာရင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071