Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeNewsLocal Newsတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား/သူများ...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား/သူများ ပညာဆက်သင်လိုပါက ပညာရေးဝန်ကြီးဌာနကပံ့ပိုးမည်

အကျဥ်းသားတစ်ဦးမှာ လေးဘာသာဂုဏ်ထူးနှင့် ရမှတ် (၄၉၈) မှတ်ရပြီး တစ်နိုင်ငံလုံး တတိယ ရ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေ‌ဆိုအောင်မြင်ခဲ့သည့် အကျဉ်းသား/သူများအနေဖြင့် ပညာဆက်လက်သင်ကြားလိုပါက ပညာရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။

သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား/သူများအား ပြစ်ဒဏ်ဖြေလျှော့ပေးမည်မဟုတ်ဘဲ ဆက်လက်ပညာသင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်ဖြေလျှော့ပေးခြင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ၎င်းတို့၏ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မီဒီယာများက နစက သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာ အကျဉ်းဦးစီးဌာနမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အကျဉ်းသားပြစ်ဒဏ်ဖြေလျော့ခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ- ၄၀၁ တွင် ဖော်ပြသည့်အတိုင်းသာ ဖြစ်ပါတယ်။ ဌာနရည်မှန်းချက်တွင် အသက်မွေးဝမ်းကျောင်း ပညာနှင့် စာပေပညာများ လေ့ကျင့်သင်ကြားပေးရေးဟုပါရှိပါတယ်။ ပညာဆက်လက်သင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးပါတယ်။ အ ခက်အခဲမရှိပါကြောင်း ဖြေကြားအပ်ပါသည်ခင်ဗျာ” ဟု အကျဉ်းဦးစီးဌာနက ပြန်လည်ဖြေကြားထားသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၇) ဦးစလုံး အောင်မြင်ခဲ့ကာ ရာနှုန်းပြည့် ဂုဏ်ထူးထွက်ရှိခဲ့သည့်အပြင် အကျဉ်းသား မောင်ကျော်လင်းခင်သည် သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနှင့် ရမှတ် (၄၉၈) မှတ်ရပြီး တစ်နိုင်ငံလုံး တတိယ ရခဲ့သည်။

အလားတူ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၇)ဦးဖြေဆိုခဲ့ရာ (၁)ဦးသာ ကျရှုံးခဲ့ပြီး (၁၆) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071