Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊...

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းပျ-က်ရာခိုင်နှုန်း လျှော့ချရေး အလေးထားရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းပျ-က်ရာခိုင်နှုန်း လျှော့ချနိုင်ရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး၊ သင်ယူမှုဝန်းကျင်ကောင်းဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ၏ ပရောဂျက်များကို သေချာစွာစိစစ်၍ စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်တက်ရောက်ရခြင်း၏ အနှစ်သာရကို ခံစားနိုင်စေရေး၊ကျောင်းတွင်း အားကစားပွဲများတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ သိပ္ပံပွဲတော်၌ ပြသမည့် ပြခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ဆောင်ရွက်နိုင်ပြီး စိတ်ပါဝင်စားမည့် အကြောင်းအရာများကို ခင်းကျင်းပြသကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)နှစ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲကို စည်ကားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များ စီစဉ်ဆောင်ရွက် ထားကြစေရန်နှင့် သိပ္ပံပွဲတော်တွင် တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်နှင့် သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏အစား အသောက်ပြိုင်ပွဲကိုပါ ပူးတွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ အလုပ်အကိုင်ရရှိရေးနှင့် အထောက်အကူ ပြုအတတ်ပညာကျွမ်းကျင်မှု(Job Ready Skills) သင်တန်းများ ဖွင့်လှစ်နိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်ထားကြရန်၊ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် အဆင်ပြေစွာ ဆန္ဒမဲပေး နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာ စောင့်ထိန်းနိုင်သူ၊ ဒေသနှင့် နိုင်ငံ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူများကို စနစ်တကျ ရွေးချယ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များတွင် Project-based Lear-ning ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နောက်ဆုံးနှစ် ကျောင်းသားများ ပရောဂျက် ဆောင်ရွက်ရာတွင် စာကြည့်တိုက်များ၊ Internet နှင့် Online Libraryများ မဖြစ်မနေအသုံးပြု စေရေး ဆောင်ရွက်ကြရန်၊ ကျောင်းများတွင် အားကစားကွင်းများ၊ အားကစားရုံများကို ကျောင်းသား၊ ကျောင်းသူများ အသုံးပြုစေရေး စီစဉ်ထားရှိရန်၊ တက္ကသိုလ်ပရဝဏ် သန့်ရှင်းသာယာရေး၊ အမှိုက်ကင်းစင်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးတို့နှင့် ပတ်သက်၍ ဒုတိယဝန်ကြီးကဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071