Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeNewsLocal Newsတက္ကသိုလ်ဆိုသည်မှာ ဆန်းသစ်တီထွင်သည့်နည်းပညာအခြေပြုသုတေသနများအစပြုဖော်ဆောင်ရာဖြစ်

တက္ကသိုလ်ဆိုသည်မှာ ဆန်းသစ်တီထွင်သည့်နည်းပညာအခြေပြုသုတေသနများအစပြုဖော်ဆောင်ရာဖြစ်

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး အဖျက်အမှောင့်များကင်းဝေးမှသာ ပညာကိုအေးချမ်းစွာသင်ယူနိုင်မည်

တက္ကသိုလ်ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးရာ ဘူမိနက်သန်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်သည့်နည်းပညာအ ခြေပြုသုတေသနများအစပြုဖော်ဆောင်ရာနေရာဖြစ်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၄ ရက်နံနက်ပိုင်းကကျင်းပသည့် မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကဏ္ဍတို့ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် အရင်းအမြစ်များမွေးထုတ်ပေးသည့် တက္ကသိုလ်များနှင့် ကောလိပ်များ၊ သိပ္ပံများသည်အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။

ထို့ကြောင့် တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကိုထည့်သွင်းသင်ကြားရုံဖြင့်မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေး ကြောဖြစ်သည့် “သုတေသန”များကိုလည်းဆောင် ရွက်ရမည်ဖြစ်ကာ သုတေသနကျမ်းများပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြုလေ့လာမှုအားကောင်းစေရန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

” တက္ကသိုလ်တစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ ပါမောက္ခချုပ်တွေရဲ့ ကောင်းမွန်တဲ့စီမံခန့်ခွဲမှု၊ ဆရာ/ဆရာမတွေရဲ့ ကိုယ်တိုင်ကျွမ်းကျင်တတ်မြောက်မှု၊ သင်ကြားမှုဆိုင်ရာအရည်အသွေးပြည့်ဝမှု၊ ကျောင်းသားတွေရဲ့အမိတက္ကသိုလ် အပေါ် မြတ်နိုးတန်ဖိုးထားတတ်မှုနဲ့ စိတ်ဓာတ်ကောင်းမွန်ရင့်ကျက်စေမှု၊ ဝန်ထမ်းတွေရဲ့စိတ်စေ တနာကောင်းတွေနဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေအပေါ် မူတည်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် မန္တလေးတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး/ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကိုခမ်းခမ်းနားနားကျင်းပမည်ဖြစ်ကာ တက္ကသိုလ်များတွင် ရတုအဆက်ဆက် ပညာအမွေပေးနိုင်ရန် အစိုးရသာမက သက်ဆိုင်သူအားလုံးနှင့် ပြည်သူတစ်ဦးချင်းစီတွင်တာဝန်ရှိပြီး အဓိကမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုကာအဖျက်အမှောင့်များကင်းဝေးမှသာ ပညာကိုအေးချမ်းစွာသင်ယူနိုင်မည်ဖြစ်သည်။

အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဖြစ်ခြင်းကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပညာတတ်ရန်၊ နိုင်ငံရေးအသိရှိရန်လိုသည်ဟု ပြောကြားခဲ့သည်။

Get 10% lower cost per action with tailored web traffic campaign setup. Try Ads

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071