(Unicode)
တက္ကသိုလ်ကောလိပ်တွေကို ၂၀၂၂ ဇန်နဝါရီမှာ ဖွင့်လှစ်မယ်လို့ဆို
ကိုဗစ်ကြောင့် ခေတ္တပိတ်ထားတဲ့ တက္ကသိုလ်၊ကောလိပ်တွေကို လာမယ့် ၂၀၂၂ ဇန်နဝါရီလမှာ ဖွင့်လှစ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နိုဝင်ဘာ ၂၆မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိမှာတော့ အခြေခံပညာကျောင်းတွေကို မြို့နယ်၄၆မြို့နယ်တွေမှ အပ ကျန်မြို့နယ်အားလုံးမှာ ဖွင့်နေပြီဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၀-၂၀၂၁ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို ၂၀၂၁ဇွန်လ၁ရက်မှာဖွင့်လှစ်ခဲ့တာရှိပြီး ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လမှာ ပိတ်ခဲ့တဲ့အကြောင်း၊ကိုဗစ်ကူးစက်မှု ပြန်လည်လျှော့ကျလာတဲ့အတွက် ၂၀၂၁ နိုဝင်ဘာ ၁ရက်နေ့တွင် အခြေခံပညာကျောင်းများပြန်ဖွင့်ခဲ့တဲ့ အကြောင်းလည်း ပြောပါတယ်။
အခြေခံပညာကျောင်းများပြန်ဖွင့်ပြီးနောက် လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူအရေအတွက်က ၃၃သိန်းကျော်ရှိ တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
ကျောင်းအပ်ထားတဲ့ ကျောင်းသား၊ကျောင်းသူ အရေအတွက်ကတော့ ၄၇သိန်းကျော်ရှိတယ်လို့ သူကဆိုပါတယ်။
အခြေခံပညာကျောင်းတက်ရာခိုင်နှုန်းကို ပြောရမယ်ဆိုရင် ၇၀ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
အသက်၁၂နှစ်နဲ့ အထက် ကျောင်းသား၊ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးမှုက ၁၂သိန်းကျော်ရှိပြီး ဒီကိန်းဂဏန်းဟာ ကျောင်းသား၊ကျောင်းသူ အရေအတွက်ရဲ့ ၆၆ရာခိုင်နှုန်း ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
(Zawgyi)
တကၠသိုလ္ေကာလိပ္ေတြကို ၂၀၂၂ ဇန္နဝါရီမွာ ဖြင့္လွစ္မယ္လို႔ဆို
ကိုဗစ္ေၾကာင့္ ေခတၱပိတ္ထားတဲ့ တကၠသိုလ္၊ေကာလိပ္ေတြကို လာမယ့္ ၂၀၂၂ ဇန္နဝါရီလမွာ ဖြင့္လွစ္မယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ႏိုဝင္ဘာ ၂၆မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
လက္ရွိမွာေတာ့ အေျခခံပညာေက်ာင္းေတြကို ၿမိဳ႕နယ္၄၆ၿမိဳ႕နယ္ေတြမွ အပ က်န္ၿမိဳ႕နယ္အားလုံးမွာ ဖြင့္ေနၿပီျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။
၂၀၂၀-၂၀၂၁ပညာသင္ႏွစ္ အေျခခံပညာေက်ာင္းေတြကို ၂၀၂၁ဇြန္လ၁ရက္မွာဖြင့္လွစ္ခဲ့တာရွိၿပီး ကိုဗစ္တတိယလႈိင္းေၾကာင့္ ဇူလိုင္လမွာ ပိတ္ခဲ့တဲ့အေၾကာင္း၊ကိုဗစ္ကူးစက္မႈ ျပန္လည္ေလွ်ာ့က်လာတဲ့အတြက္ ၂၀၂၁ ႏိုဝင္ဘာ ၁ရက္ေန႔တြင္ အေျခခံပညာေက်ာင္းမ်ားျပန္ဖြင့္ခဲ့တဲ့ အေၾကာင္းလည္း ေျပာပါတယ္။
အေျခခံပညာေက်ာင္းမ်ားျပန္ဖြင့္ၿပီးေနာက္ လက္ရွိ တက္ေရာက္ေနတဲ့ ေက်ာင္းသား၊ေက်ာင္းသူအေရအတြက္က ၃၃သိန္းေက်ာ္ရွိ တယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္ေျပာပါတယ္။
ေက်ာင္းအပ္ထားတဲ့ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္ကေတာ့ ၄၇သိန္းေက်ာ္ရွိတယ္လို႔ သူကဆိုပါတယ္။
အေျခခံပညာေက်ာင္းတက္ရာခိုင္ႏႈန္းကို ေျပာရမယ္ဆိုရင္ ၇၀ရာခိုင္ႏႈန္းရွိတယ္လို႔ ဆိုပါတယ္။
အသက္၁၂ႏွစ္နဲ႔ အထက္ ေက်ာင္းသား၊ေက်ာင္းသူေတြကို ကာကြယ္ေဆးထိုးေပးမႈက ၁၂သိန္းေက်ာ္ရွိၿပီး ဒီကိန္းဂဏန္းဟာ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္ရဲ႕ ၆၆ရာခိုင္ႏႈန္း ရွိတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။