အမေရိကန်ပြည်ထောင်စုတက္ကဆပ်စ်ပြည်နယ်အလယ်ပိုင်းတွင်တခွင်တွင် အပြင်းအထန်ရေကြီးမှုကြောင့် ေ-သဆုံးသူ ၄၉ ဦးထက်မနည်းရှိလာခဲ့ကြောင်းနှင့် ဒါဇင်နှင့်ချီ၍ လူများပျောက်ဆုံးလျက်ရှိကြောင်းဒေသဆိုင်ရာ အာဏာပိုင်များက စနေနေ့တွင် ပြောကြားခဲ့သည်။ကောင်တီနယ်မြေများစွာတွင် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
သောကြာနေ့နံနက်ပိုင်းမှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုခဲ့ပြီး Kerr ကောင်တီတွင် ကလေး ၁၅ ဦးအပါအဝင် လူ ၄၃ ဦးေ-သဆုံးခဲ့သည်ဟု ကောင်တီရဲအရာရှိ လယ်ရီလိုင်သာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Guadalupe မြစ်တလျှောက်တွင် မိန်းကလေးများအတွက်ဖွင့်လှစ်ထားသည့် ခရစ်ယာန်နွေရာသီ စခန်းတစ်ခုဖြစ်သော Camp Mystic မှ အများစုပါဝင်သော ကလေးငယ် ၂၇ ဦးသည်လည်း ပျောက်ဆုံးလျက်ရှိနေသည်ဟု Kerrville ကောင်တီ၏ မြို့တော်မန်နေဂျာ ဒယ်တန်ရိုက်စ်က ပြောဆိုသည်။အဆိုပါ စခန်းသည် ပုံမှန်အားဖြင့် နှစ်စဉ် ကလေး ၇၅၀ ဝန်းကျင်ကို လက်ခံသည်။
“ဒီစခန်းထဲက ရာနှင့်ချီတဲ့လူတွေကို ကျွန်တော်တို့ တစ်နေ့လုံး ကယ်ထုတ်နေခဲ့တာပါ” ဟု ရို-က်စ်က ပြောကြားခဲ့သည်။
Travis ကောင်တီတွင် လူ လေးဦးေ-သဆုံးကြောင်း အတည်ပြုခဲ့ကာ ၁၃ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ကောင်တီတရားသူကြီး အန်ဒီဘရောင်းကို ကိုးကား၍ ဒေသတွင်း ရုပ်သံဌာန KXAN-TV က သတင်းထုတ်ပြန်ဖော်ပြသည်။
Burnet ကောင်တီတွင် စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်ခဲ့ပြီးေ-သဆုံးသူနှစ်ဦးနှင့်ပျောက်ဆုံးသူ နှစ်ဦး ရှိနေကြောင်းကောင်တီရဲအရာရှိရုံးကအတည်ပြုခဲ့သည်။
တက္ကဆပ်စ်အလယ်ပိုင်းတွင်ရေဘေးကြုံရနိုင်သည့်အခြေအနေတိုးချဲ့ကြေညာချက်ကိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကလက်မှတ်ရေးထိုးထုတ်ပြန်ကာ နောက်ထပ်ကောင်တီ ၆ ခုကိုထည့်သွင်းခဲ့သဖြင့် ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်ကောင်တီအရေအတွက်သည်အခု ၂၀ အထိ ရှိလာခဲ့သည်။ Ref: The Financial Express