(Unicode)
တကသကျောင်းသူနှင့်အလွတ်တန်းသတင်းထောက်တို့ ဖမ်းဆီးခံရ
ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက ဓာတ်ပုံသတင်း ထောက်ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနဲ့ရန်ကုန်အ ခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(အဖွဲ့ဝင်)မဆုရည်လင်း(ခ)လင်းလင်းတို့ကိုလမ်းမှာ နစက ရဲ့လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့ တကသ ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။
“ကိုဇော်လင်းထွဋ်နဲ့မဆုရည်လင်းတို့က ညနေဖက်မှာလုပ်မယ့် ဆန္ဒပြပွဲကိုသွားတဲ့အချိန် လမ်းမှာဖမ်းခံလိုက်ရတာ”လို့ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
ကိုဇော်လင်းထွဋ်က အလွတ်တန်းဓာတ်ပုံသ တင်းထောက်တစ်ယောက်ဖြစ်ပြီး မဆုရည်လင်းက တော့ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(အဖွဲ့ဝင်)တစ်ယောက်ဖြစ်သလို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(အဖွဲ့ဝင်)တစ်ယောက်လည်းဖြစ်ပါတယ်။
မည့်သည့်နေရာ ကိုခေါ် ဆောင် ထိန်းသိမ်း ထားသည်ကို မကြားသိရသေးဘဲ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု သမဂ္ဂအဖွဲ့များထံက သိရသည်။
“သူတို့နှစ်ယောက်က ဆန္ဒပြပွဲကိုအတူသွားရင်းအဖမ်းခံလိုက်ရတာ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ လက်တလောကတော့ သူတို့နဲ့အဆက်အသွယ်မရသေးတဲ့တော့ သူတို့အ တွက် စိတ်ပူရတယ်”လို့ တကသ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
(Zawgyi)
တကသေက်ာင္းသူႏွင့္အလြတ္တန္းသတင္းေထာက္တို႔ ဖမ္းဆီးခံရ
ဒီဇင္ဘာ ၁၉ ရက္ညေနပိုင္းက ဓာတ္ပုံသတင္း ေထာက္ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသားနဲ႔ရန္ကုန္အ ေျခစိုက္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(အဖြဲ႕ဝင္)မဆုရည္လင္း(ခ)လင္းလင္းတို႔ကိုလမ္းမွာ နစက ရဲ႕လုံၿခဳံေရးအဖြဲ႕ေတြက ဖမ္းဆီးသြားခဲ့တယ္လို႔ တကသ ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။
“ကိုေဇာ္လင္းထြဋ္နဲ႔မဆုရည္လင္းတို႔က ညေနဖက္မွာလုပ္မယ့္ ဆႏၵျပပြဲကိုသြားတဲ့အခ်ိန္ လမ္းမွာဖမ္းခံလိုက္ရတာ”လို႔ ရန္ကုန္အေျခစိုက္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္တစ္ေယာက္ကေျပာပါတယ္။
ကိုေဇာ္လင္းထြဋ္က အလြတ္တန္းဓာတ္ပုံသ တင္းေထာက္တစ္ေယာက္ျဖစ္ၿပီး မဆုရည္လင္းက ေတာ့ ရန္ကုန္အေျခစိုက္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(အဖြဲ႕ဝင္)တစ္ေယာက္ျဖစ္သလို ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ(အဖြဲ႕ဝင္)တစ္ေယာက္လည္းျဖစ္ပါတယ္။
မည့္သည့္ေနရာ ကိုေခၚ ေဆာင္ ထိန္းသိမ္း ထားသည္ကို မၾကားသိရေသးဘဲ မိသားစုႏွင့္ အဆက္အသြယ္ ျပတ္ေတာက္သြားသည္ဟု သမဂၢအဖြဲ႕မ်ားထံက သိရသည္။
“သူတို႔ႏွစ္ေယာက္က ဆႏၵျပပြဲကိုအတူသြားရင္းအဖမ္းခံလိုက္ရတာ ဘယ္ကိုဖမ္းေခၚသြားလဲဆိုတာေတာ့ စုံစမ္းေနတုန္းပဲ လက္တေလာကေတာ့ သူတို႔နဲ႔အဆက္အသြယ္မရေသးတဲ့ေတာ့ သူတို႔အ တြက္ စိတ္ပူရတယ္”လို႔ တကသ ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္တစ္ေယာက္ကေျပာပါတယ္။