Tuesday, March 18, 2025

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...
HomeCelebrities' Newsတကယ်တော်တဲ့ မင်းသမီးတွေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ...

တကယ်တော်တဲ့ မင်းသမီးတွေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ကြောင့် ဒီဇာတ်ပျက်သွားမှာလည်း ကြောက်တယ် ပက်ထရစ်ရှာ

မြန်မာနိုင်ငံက ထိပ်တန်း မင်းသမီးလေးဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်နဲ့ ပက်ထရစ်ရှာတို့ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၂ဝ၁၈ခုနှစ် ထဲမှာရုံတင် တော့မယ်လို့ကြားသိနေရပါတယ်။ ပက်ထရစ်ရှာကလည်း တက်သစ်စ မင်းသမီးတစ်ဦးအနေနဲ့ ဒီဇာတ်ကားရိုက်ကူးစဉ်မှာ တာဝန်ကြီးလေးတယ်လို့ ခံစားခဲ့ရတယ်ဆိုပြီး ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံများ အ ကြောင်းကိုလည်း ပြန်ပြောင်းပြောပြပါတယ်။

”ညီမကတကယ်ကိုတော်တဲ့ သရုပ်ဆောင်မင်းသမီးကြီးတွေနဲ့ တွဲဖက် ရိုက်ကူးခွင့်ရတယ်။ ဒီဇာတ်ကားကို စစချင်းကမ်းလှမ်းတုန်းကလည်း ကိုယ့် ကိုယ်ကိုယ်တအားတာဝန်ကြီးတယ်လို့ခံစားရပါတယ်။ တကယ်တော်တဲ့ မင်းသမီးတွေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ကြောင့် ဒီဇာတ်ပျက် သွားမှာလည်း ကြောက်တယ်။ ညံ့တဲ့ပုံပေါက်မလားဆိုပြီး စိုးရိမ်စိတ် တွေလည်း ရှိခဲ့ပါတယ်။ ဒါက ယှဉ်ပြိုင်ချင်တာမျိုးမဟုတ်ပါဘူး။ ထွက် လာတဲ့ အခါကျရင်လည်း ညီမရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တာတွေရှိရင်တော့ ခွင့်လွှတ်ပြီးကြည့်ပေးကြပါ လို့ပြောချင်ပါ တယ်။ ညီမလည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ရိုက်ကွင်းပေါ် မှာဆိုရင်လည်း ညီမက အန်ကယ်လေးကို သေချာမေးပါတယ်။ တစ်ခေါက်နဲ့ အိုက်တင် အဆင်မပြေရင် နောက်တစ်ခေါက်ထပ်လုပ်ခိုင်း ပါဆိုပြီးပြောတယ်”လို့ ပြောပြပါတယ်။ ရိုက်ကွင်းပေါ်မှာလည်း ဝါရင့် သရုပ်ဆောင်တွေနဲ့ ဆက်ဆံရေးအကြောင်းကို…

”မခိုင်ကြီးတို့ဆိုရင် စိမ်းမနေအောင် စကားတွေ ပြောပေးတယ်။ မအူဝဲဆိုရင်လည်း အဝတ်အစားပိုင်း ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အကြံပေးတာမျိုးရှိတယ်။ မကစ်ဆိုရင်လည်း ညီမအနုပညာ အလုပ်မလုပ် ခင်ကတည်းက သူ့ရဲ့ပရိသတ် ဖြစ်ခဲ့တာဆိုတော့ ညီမလေး တစ်ယောက်လိုပဲချစ်ကြတယ်။ အားလုံး လည်း သဘောထားပြည့်ဝကြပါတယ်။ ဒါကြောင့် ညီမကိုယ်ညီမ အသစ်တစ်ယောက်လို မခံစားရ ဘဲနဲ့ ချောချောချူချူနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထွက်လာရင်လည်း ကိုယ့်မျက်နှာကို၊ ကိုယ့်ရဲ့သရုပ်ဆောင်မှုကို ဘယ်လိုပြန်ကြည့်ရမှန်းတောင်မသိပါဘူး။ စိတ်လည်း လှုပ်ရှားသလို၊ ကြောက်လည်း ကြောက်ပါတယ်” လို့ဆိုပါတယ်။

ပက်ထရစ်ရှာရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုတွေမှာတော့ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေ ကျဲပါးနေတယ် လို့ဆိုပါတယ်။ ပက်ထရစ်ရှာရဲ့ အနုပညာလှုပ်ရှားမှုများကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်လည်း . . .

”ဗီဒီယိုဇာတ်ကား ရိုက်ထား တာလေးတွေလည်းရှိတယ်။ ထွက်ဖို့ ကလည်း လေးငါးကား လောက်ရှိတယ်။ ဒါပေမဲ့ လတ်တလောတော့ ရုပ်ရှင် ကားကြီးတွေပဲ ရိုက်ကူးဖို့ လာကမ်း လှမ်းတာတွေ များနေပါတယ်။ ညီမရဲ့ ဇာတ်ကားတွေ ရုံမတင်သေးဘူး လားဆိုတဲ့ ပရိသတ်တွေအတွက်လည်း ဒီနှစ်ထဲမှာလည်း ရုံတင်ဖို့ ဇာတ် ကားနှစ်ကားလောက် တော့ရှိမှာ ပါ။ ‘ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး’ဇာတ်ကား က လည်း ၂ဝ၁၇ ခုနှစ်မကုန်ခင်က တည်းက ရုံတင်မယ်ဆိုပြီး ထွက်မလာသေးဘူး။ နောက် ပြီး Reflection ဇာတ်ကားလည်း ၂ဝ၁၈ခုနှစ်ထဲမှာ ရုံတင်မယ်လို့ကြား ပါ တယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071