Sunday, May 18, 2025

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ မိုးကြိုးပစ်၍ လူ ၁၄...

နူးဒေလီ၊မေ ၁၇ အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဩဒိရှပြည်နယ်၌ သောကြာနေ့က မိုးကြိုးပစ်၍ လူ ၁၄ ဦး ထက်မနည်း ‌ေ-သဆုံးကာ လူအချို့ ထိခို-က်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။ သောကြာနေ့ကသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့်...
HomeCelebrities' News'ည' ဇာတ္ကား အၿပီးမွာ...

‘ည’ ဇာတ်ကား အပြီးမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရပြီဖြစ်တဲ့ မြတ်နိုးအေး

လူငယ်တွေ ပါဝင်ထားသရုပ်ဆောင်တဲ့ “ည” ဇာတ်ကားမှာ ပထမဆုံးပါဝင်သရုပ်ဆောင် ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာသူကတော့ မြတ်နိုးအေးပဲ ဖြစ်ပါတယ်။ အနုပညာလောကကို အစိမ်းသက်သက် ဝင်ရောက်လာပေမယ့်”ည” ဇာတ်ကားအပေါ်မှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုက ကျေနပ်ဖို့ ကောင်းပါတယ်ဆိုတဲ့ မြတ်နိုးအေးက “ည” ဇာတ် ကားကြောင့်ပဲ မြတ်နိုးအေးဆိုတာကို ပရိသတ်တွေ သိလာသလို၊ သတိထား အားပေး ကြတာလည်း ဒီဇာတ်ကားကြောင့်ပါပဲ။ ကာရိုက်တာကလည်း Sweet ဖြစ်တဲ့ ကာရိုက်တာလေးဆိုတော့ ပရိသတ်တွေက သနားကြတယ်။ ချစ်ကြတယ်။  ‘ည’ ရိုက်ကူးပြီးမှပဲ ညီမလည်း ကြော်ငြာတွေ၊MTV တွေ၊ ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးဖြစ်လာခဲ့တယ်။ ဒီဇာတ်ကားလေးရဲ့ အကျိုးဆက်တွေပါ။ ပရိသတ် တွေရဲ့ တုံ့ပြန်မှုကလည်း ညီမကို အားတတ် စေပါတယ်။ ‘ည’ ဇာတ်ကားလေး ကြောင့် အလုပ်တွေ ဆက်တိုက်လုပ်နေရတာပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့တော့ ညီမကို စကားဝဲတယ်လို့ ပြော ကြတယ်။ ညီမရဲ့ အမေတို့က မြိတ်ဘက်ကဆိုတော့ စကားပြောရင် မြိတ်သံနည်းနည်း ဝဲတာပါ။ အခန်းနည်း ပေမယ့်လည်း သရုပ်ဆောင်တာ အဆင်ပြေတယ် ဆိုတဲ့အတွက်လည်း ထပ်ပြီးကြိုးစားဦးမှာပါ”လို့ ပြောပြပါတယ်။

အခုလတ်တလောမှာတော့ မြတ်နိုးအေးက အနုပညာလှုပ်ရှားမှု တွေလည်း ဆက်တိုက်လုပ်ကိုင်လျက်ရှိနေပြီး ‘ပိတ်ကားပေါ်မှာ ဆက် လက် ရှုစားပါ’ ဆိုတဲ့ ဇာတ်လမ်းတိုမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆို ပါတယ်။”ညီမ အခုတော့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပါတယ်။ ဆရာမင်းလူရဲ့ ဝတÄုကို ဇာတ်လမ်းတိုအနေနဲ့ ပုံဖော်ထားတဲ့ ‘ပိတ်ကား ပေါ်မှာ ဆက်လက်ရှုစားပါ’ ဆိုတဲ့ အစီအစဉ်မှာလည်း ပါဝင်သရုပ်ဆောင် ထားပါ တယ်။ ညီမ ပါဝင်ထားတာကတော့ ‘ရိုမန့်တစ်လက်ဆောင်’ ဆိုတဲ့ ခေါင်းစဉ် လေးနဲ့ပါ။ အနုပညာလောကထဲ ညီမ မဝင်ခင်ကတည်းက ညီမက မချစ် သုဝေတို့ မအူဝဲတို့ကို အားကျတယ်။ သူတို့သရုပ်ဆောင်တာ လေးတွေကို လည်း ကြိုက်တယ်။ အတုယူတယ်။ ညီမမော်ဒယ် သင်တန်းတွေ၊ သရုပ် ဆောင်သင်တန်းတွေလည်း မတက်ဖူးပါဘူး။ ဒါကြောင့်လည်း ညီမသရုပ် ဆောင်ပိုင်းနဲ့ ပတ်သက်လို့ သေသေချာချာလေး ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

မြတ်မိုးပွင့် ၊အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071