တိုကျို–ကိုမေးအိတို က မဟာမိတ်မှ ထွက်ခွါသွားသဖြင့် ဂျပန်နိုင်ငံ၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် သောကြာနေ့တွင် ပြိုလဲသွားရာ ဆာနေး တာကီအိချိ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်မြောက်ရေး ကြိုးပမ်းမှုကို ယိမ်းယိုင်စေခဲ့သည်။
တာကီအိချိသည် လွန်ခဲ့သည့် တစ်ပတ်မပြည့်မီက လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ယခုလတွင် ပါလီမန်က ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိမ့်မည်ဟု မျှော်လင့်ထားသည်။
သို့သော် ဂျပန် နိုင်ငံကို ၂၅ နှစ်ကြာ အဆက်မပြတ် အုပ်ချုပ်ခဲ့သည့် မဟာမိတ်ကို အဆုံးသတ်ရန်ကိုမေးအိတို၏ ဆုံးဖြတ်ချက်သည် ဂျပန်ကို နိုင်ငံရေးအကျပ်အတည်း အသစ်ထဲသို့ ကျရောက် သွားစေခဲ့သည်။
ထိုသတင်း ထွက်လာသည်နှင့် ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ကျဆင်းခဲ့သည်။
“ကျွန်ုတော်တို့ရဲ့ တောင်းဆိုချက် တွေနဲ့ ပတ်သက်ပြီး အယ်လ်ဒီပီ ပါတီထံကနေ ပြတ်သားခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရခဲ့ဘူးဆိုတဲ့ အခြေအနေမှာ ဒီပြုပြင်ပြောင်းလဲမှုတွေက အောင်မြင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးဆိုရင် ဆာနေး တာကာအိချိကို အမည်စာရင်းတင်သွင်းဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး” ဟု (အစည်းအဝေး) တွင် ပါတီ အကြီးအကဲက ပြောကြားခဲ့ပါသည်။
အထူးသဖြင့် ဆာအီတိုက အယ်လ်ဒီပီ၏ မကြာသေးမီက ရန်ပုံငွေ အရှုပ်တော်ပုံနှင့် ပတ်သက်၍ သူ၏အဖြေများသည် ကျေနပ်ဖွယ်မရှိဟု တာကီချီသို့ ပြောကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။
Ref: ဘန်ကောက်ပို့စ်
