မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်းတွင် ယနေ့ မေလ (၂၆) ရက် နံနက်ပိုင်းက ဆီသယ်ယာဉ် (၁) စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ ဝါခင်းကြီးကျေးရွာအနီး၊ ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂/၃) နှင့် (၁၂/၄) အကြားတွင် NISSAN အမျိုးအစား (အဖြူရောင်) (၁၂) ဘီး ဂါလံ ၄၀၀၀ ဆံ့ ဆီသယ်ယာဉ် (၁) စီးသည် ယနေ့နံနက် (၁၁) နာရီခန့်က မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ညောင်ဦးခရိုင် မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ် (၁) စီး၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြော င်း သိရသည်။
အဆိုပါ ဆီသယ်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း သိရသည်။