လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီနှင့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲကို တရုတ်နိုင်ငံတွင် တက်ရောက်နေပြီး လျိုကျိုးမြို့တွင် ကွင်းဆင်းလေ့လာနေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ဝူလင်း ကုမ္ပဏီ က EV မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံအတွင်း ဆန်းသစ်တီထွင်ထားသည့် ညဏ်ရည်တု နည်းပညာသုံး ကျွန်းပုံစံလမ်းကြောင်းတွင် ရွေ့လျားသွားနေသည့် အဆင့်မြင့်စက်ရုံများဖြင့် ထုတ်လုပ်သည့် စနစ်ဖြင့် EV များကို ၁၀ မိနစ်တစ်စီးနှုန်းဖြင့် အလိုအလျောက်ထုတ်လုပ်နေပုံများကို ရှင်လင်းပြသမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် ညဏ်ရည်တုနည်းပညာသုံး ခရုခေါက်ဆွဲထုတ်လုပ်သည့် ဟူကွေ့အစားအသောက် ကုမ္ပဏီသို့ သွားရောက်ပြီး စက်ရုံအတွင်း၌ သုတေသနဓါတ်ခွဲခန်းများ တည်ထောင်ထားမှုနှင့် နည်းပညာတက္ကသိုလ်အပါအဝင် သုတေသနအဖွဲ့စည်းများ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။
ညဏ်ရည်တုနည်းပညာအသုံးပြုမှုနှင့် စံအရည်သွေးနှင့်အညီ ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာများကိုလည်း မေးမြန်းဆွေးနွးခဲ့ကြောင်း သိရသည်။
