Friday, May 23, 2025

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...
HomeCelebrities' Newsညစ်တွန်းတွန်းနေကြတဲ့ လူတွေအကြောင်းကို ကိုယ်တိုင်...

ညစ်တွန်းတွန်းနေကြတဲ့ လူတွေအကြောင်းကို ကိုယ်တိုင် ဒါရိုက်တာ အ ဖြ စ် ရို က် ကူး နေသူ လူမင်း

အခုလတ်တလောမှာ လူမင်းက ဘောလိဝုဒ်ကနေကိုယ်တိုင်ဝယ်ယူလာတဲ့ဇာတ်ညွှန်းကို ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ညစ်တွန်းရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးပုံဖော် လျက်ရှိပါတယ်။ ညစ်တွန်းလို့အမည်ပေးထားတဲ့ ဒီဇာတ်ကားကြီးမှာ လူမင်း၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော် ဇင်နဲ့ ထက်ထက်ထွန်းတို့က အဓိကပါဝင်ထားပြီး ပါဝင်မယ့်သရုပ်ဆောင်များကိုလည်း လူမင်းကိုယ်တိုင် ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။

ဘောလိဝုဒ်မှာ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းကို လူမင်းဘယ်လိုပုံဖော်ရိုက်ကူးနေသလဲဆိုတာကို မေးမြန်းတော့==အခု အစ်ကိုကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ညစ်တွန်းဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးနေပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကိုလည်း အစ်ကိုကိုယ်တိုင်ပဲရွေးချယ်တယ်။ ပါဝင်တဲ့ ကာရိုက်တာအတွက်လည်း ညစ်တွန်းတွန်းလို့ ညစ်နေတဲ့ပုံစံမျိုးရအောင် ပြင် ဆင်တယ်။ ဒီဇာတ်လမ်းက အရင်ကလည်းဘောလိဝုဒ်မှာ တော်တော်လေးအောင်မြင်ခဲ့တယ်။ ဘောလိဝုဒ်နဲ့ လည်း မတူအောင်တို့ တမင်ကြီးခွဲအောင်တော့ မရိုက်ပါဘူး။ သူတို့ရဲ့ ဇာတ်ညွှန်းကိုရိုက်ကြည့်ချင်လွန်းလို့ကို ဇာတ်ညွှန်းအတွက်ကို ခွင့်ပြုချက်တောင်းပြီး ရိုက်ကူးတာဆိုတော့လေ။ အဲဒီဇာတ်ညွှန်းအတိုင်းပဲရိုက်ပါတယ်။ သို့သော် မြန်မာမှုတော့ ပြုရမှာပေါ့။ ရဲတို့၊ တရားရုံးတို့နဲ့ဆိုင်တဲ့ ကိစ္စတွေက အိန္ဒိယမှာလွတ်ပေမယ့် ဒီမှာဆင် ဆာမလွတ်တာတွေရှိတယ်။ အဲဒီလိုမျိုးကိစ္စတွေအတွက်ကတော့ ပြင်ဆင်ပြီးရိုက်ကူးရတယ်။

နောက်ပြီး သီချင်း ဆိုပြီးကတာမျိုးတွေကိုလည်း အစ်ကိုရိုက်တဲ့အချိန်မှာ မထည့်ထားပါဘူး။ ဘောလိဝုဒ်ဇာတ်ညွှန်းကိုရိုက် ကူးတယ် ဆိုပေမယ့်လည်း ကိုယ့်အထာလေးနဲ့ကိုယ်တော့ ပုံဖော်ရတာပေါ့။ သူတို့က ရုပ်ရှင်ရိုက်ဖို့ကို ဒေါ်လာ မီလီယံနဲ့ချီပြီးရင်းနှီး မြှုပ်နှံကြပေမယ့် အစ်ကိုတို့ဆီမှာတော့ကိုယ့်ဈေးကွက်အထာလေးနဲ့ပဲပေါ့။ အစ်ကိုတို့ ရိုက်ကူးတော့လည်း ပုံမှန်ရိုက် ကူးတဲ့ ရုပ်ရှင်ကားတစ်ကားထပ်ကိုပိုပြီးကုန်ကျမယ်လို့ အစ်ကိုထင်တယ်”လို့ လူမင်းကပြောပြပါတယ်။ လတ်တလော ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတဲ့ ကြီးလေးကြီးဇာတ်ကားမှာ တော့ လူမင်းကို အုပ်ကြီးနေရာကမြင်တွေ့ကြရမှာပါ။ ဇာတ်ကားက ဟာသဇာတ်ကားဖြစ်သလို ရိုက်ကူးခဲ့ချိန်တုန်းကလည်း အမှတ်တရဖြစ်ခဲ့တယ်လို့ လူမင်းကဆိုပါတယ်။

“အစ်ကိုရယ်၊ ကိုခန့်ရယ်၊ မခိုင်လေးရယ်၊ အူဝဲရယ်ဆိုတာကျောန ဘအေခ့ တွေလို့ပြောလို့ရပါတယ်။ လူဟောင်း တွေဇာတ်ကားတစ်ကားထဲမှာ ပြန်တွေ့ကြတော့ တစ်ခါတလေ အလုပ်လုပ်နေတာ ကိုတောင်မေ့သွားတယ်။ မောင်နှမတွေ ပျော်ရွှင်စရာကာလလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ် သန်းခဲ့ကြတယ်။ ရုံပေါ်မှာပြန်ကြည့်တော့လည်း တကယ်အစ်ကိုကိုယ်တိုင်ကို မျက်ရည်ထွက်အောင်ရယ်ခဲ့ရတယ်”လို့ လူမင်းက ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ -မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071