Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsဈေးကွက်အတွင်းစားအုန်းဆီဝယ်ယူရခက်ခဲနေဆဲဖြစ်

ဈေးကွက်အတွင်းစားအုန်းဆီဝယ်ယူရခက်ခဲနေဆဲဖြစ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ဈေးကွက်အတွင်း၌ ရောင်းချ‌ရန် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။

ယင်းသို့ ထုတ်ပြန်လျက်ရှိရာတွင် ယခုတစ်ပါတ်အတွက် တင်သွင်းသည့် ကုမ္ပဏီ မှ လက်ကားရောင်းချရမည့် ဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပြီး ပြီးခဲ့သည့်တစ်ပါတ်ထက် ရည်ညွှန်းဈေးမြင့်တက်လာကြောင်းသိရသည်။

အဆိုပါ ဈေးနှုန်းမှာ လက်လီဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးခြင်းသာဖြစ်ပြီး လက်ရှိဈေးကွက်အတွင်း၌ လက်လီ တစ်ပိဿာ ၁၀၀၀၀ ကျော်သည် အထိမြင့်တက်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း အိမ်ရှင်မများ၏ ပြောပြချက်အရ သိရသည်။

” အခုဆိုရင် စားအုန်းဆီရဖို့အတွက် မနက်အစောကို တုံကင်ထတန်းစီရတယ်။ တချို့ဆိုင်တွေရင် ဖုန်းနံပတ်တွေပေးရ၊ နာမည်တွေပြောရ၊ သန်းခေါင်စာရင်းပြရတာတွေတောင်ရှိတယ်။ အဆင်မပြေဘူး” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။

စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ထုတ်ပြန်နေသော်လည်း လက်ရှိတွင် ဈေးနှုန်းမှာ သိသိသာသာကျဆင်းလာခြင်းမရှိသေးကြောင်း။

စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇွန် (၂၄) ရက်မှ ဇွန် (၃၀) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဆီသင်္ဘောတစ်စီး ကို USD ၅သန်း လောက်မှာ တစ်သန်းတောင်ပြည့်အောင် earning ဝယ်မရတဲ့ အခက်အခဲ ရှိနေကြောင်းကြားရတယ်ဟု ဆီလုပ်ငန်းအသိုင်းအဝိုင်းမှသိရသည်။

မြန်မာ့ဟင်းလျာများ၏ ပုံစံက ဆီအသုံးများတဲ့ပုံစံအပေါ် စားသုံးသူတစ်ဦးက “ချက်ချင်းကြီး healthy food style ပြောင်းဖို့ကခက်နေဦးမှာပါ။ တချို့အမယ်တွေက ဆီနိုင်းချင်းလေးနဲ့မှ အိတယ်၊မွှေးတယ်လေ။ ဆီအသုံးလျော့တာဟာ ကျန်းမာရေးအတွက်ကောင်းပေမယ့် စွဲမြဲခဲ့တဲ့ အစားအသောက် ဓလေ့ တွေကိုပြင်ဖို့ အချိန်ယူရဦးမယ်ထင်တယ်”ဟုဆိုသည်။

ပုံစာ – ၂၀၂၂ ခုနှစ်က ဆီတန်းဆီသည့်ပုံရိပ်များဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071