Friday, February 13, 2026

“Walk for Peace” သံဃာတော်များအား...

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...
HomeNewsLocal Newsဇွန်လ (၁၉) ရက်နှင့်...

ဇွန်လ (၁၉) ရက်နှင့် (၂၀) ရက် ဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်သည့် အလားအလာရှိကြောင်း မိုးဇလတာဝန်ရှိသူပြော

လာမည့် ဇွန်လ (၁၉) ရက်နှင့် (၂၀) အနီးဝန်ကျင်ရက်များတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်သည့် အလားအလာရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပေါ်ပြူလာနယူး (စ်) သို့ ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်း မိုးဇလက ခန့် မှန်းထားသည့်အပေါ် ပေါ်ပြူလာနယူး(စ်) ထပ်ဆင့်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအနေအထားအရဆိုရင်တော့ အလွန်ဆုံး လာမယ့် ၁၉ /၂၀(ရက်) လောက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒီကာလတွေမှာဖြစ်တဲ့ လေဖိ အားနည်းရပ်ဝန်းတွေက မုတ်သုံကိုပဲ အားကောင်းစေပါတယ်” ဟု ဦးလှထွန်းက ပြောသည်။

ယင်းကဲ့သို့ လေဖိအားနည်းရပ်ဝန်းဖြစ်ပွားကာ မုတ်သုန်လေအားကောင်းနိုင်သော်လည်း မုန်တိုင်း ဖြစ်ပွားနိုင်သည့်အခြေအနေမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။

ယနေ့ ဇွန်လ (၁၆ ) ရက်၊ ညနေ (၄) နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကယားပြည်နယ်တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထား သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်းနှင့် ဇွန်လ ၁၇၊ ၁၈ ရက်များတွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“Walk for Peace” သံဃာတော်များအား မြန်မာသံအ မတ်ကြီးဖူးမြော် လှူဖွယ်ပစ္စည်းများဆက်ကပ်

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ ဖေဖော်ဝါ ရီ ၁၁ ရက်က ဖူးမြှော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြှော်ပြီးနောက် သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများအေးချမ်းသာယာဝပြောရေးအတွက်ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သည် ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ရေးအတွက် သံယာတော်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071