၂၀၂၄ ခုနှစ်၊ ဇွန်လ (၉) ရက်မှ (၁၄) ရက် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၃) ရက်မှ (၈) ရက်)အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း) တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အနောက်တောင်မုတ်သုံလေ ပြန် လည်ဆုတ်ခွာသွားနိုင်ကြောင်း ဖော်ပြထားသည်။
မိုးဦးကာလသည် ၂၀၂၄ ခုနှစ်၊မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက်သည့်မှ ဇွန်လကုန်အထိဖြစ်ပြီး မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရော က်ရှိနိုင်ကြောင်း သိရသည်။
ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပြီး မိုးလယ်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှ သြဂုတ်လကုန်အထိ ဖြစ်ပြီး မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။
မိုးနှောင်းကာလသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပြီး မိုးနှောင်းကာ လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရ ပ်၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်တွင် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
